TNLA News

0 0
Read Time:2 Minute, 9 Second

နောင်ချိုမြို့နယ်၊ စစ်ကောင်စီ၏ အမြောက်တပ် ၂၀၆ တပ်စခန်းနှင့် တောင်ခမ်းရှိ ၉၀၂ တပ်စခန်းတို့ ကို ထိုးစစ်ဆင်တိုက်ခိုက်

 

D Day News

စက်တင်ဘာ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ အမြောက်တပ် ၂၀၆ တပ်စခန်းနှင့် တောင်ခမ်းရှိ ၉၀၂ တပ်စခန်းတို့ ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၉ မိနစ် ၂၀ အချိန်တွင် စစ်ကောင်စီ အမတ (၂၀၆) တပ်ကို လည်းကောင်း၊ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် ၉၀၂ တပ်ခန်း ကိုလည်းကောင်း ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၊ (၉၀) ရက်မြောက် အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာကို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁) ကြိမ် ဗုံး (၂)လုံး၊ မကျီးရေရွာ၊ စစ်ကောင်စီ အမတ (၃၅၄) တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ် ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် Y-12 ဖြင့် (၇) ကြိမ် ဗုံး အလုံး(၆၀) ကြဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ထိုအပြင် နောင်ချိုမြို့တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် ထောက်ပို့လေ ယာဉ် Y8 ဖြင့် (၈) ကြိမ် လက်နက်ခဲယမ်းများ (၄၅) ထုပ် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေပြီး ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *