TNLA News

0 0
Read Time:2 Minute, 48 Second

နောင်ချိုမြို့ကို စစ်တပ် ပေါင် ၅၀၀ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး၊ ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီးပျက်စီး

 

D Day News

စက်တင်ဘာလ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး၊ ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက် အစောပိုင်း ၁ နာရီ ၅ မိနစ်အချိန် တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့တွင်းသို့ စစ်ကောင်စီတပ်က Jet Fighter ဖြင့် ဖျက်အားပြင်း လက်နက် အမျိုး အစားဖြစ်သည့် ပေါင် ၅၀၀) ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်အတွင်း ၃ လုံး၊ တောအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် တဖန်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူ ၃ ဦး ဗုံးစ ထိမှန် ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး၊ ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

အလားတူ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင်လည်း စစ်ကောင်စီ တပ်က Y-12 လေယာဥ်ဖြင့် နောင်ချိုမြို့အတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ညစျေးတန်း၌ တစ်လုံး ၊ မြို့မစျေး၌  တစ်လုံးနှင့် စျေးရပ်ကွက် နယ်မြေ ၄ တွင် တစ်လုံး စုစုပေါင်း (၃) လုံး ကျ ရောက်ပေါက်ကွဲခဲ့ပြီး  ပြည်သူ ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှင့် ဆိုင်ခန်းအချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က လူအများအပြား သေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀) ဗုံး အပါအဝင် နေ့စဥ် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ငယ် (၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးခဲ့ပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့အပြင် နေ အိမ် (၂၇) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်းလည်း ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *