Sagaing News

0 0
Read Time:2 Minute, 12 Second

ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူ ၁၅ ဦးသေဆုံးပြီး ၃၀ ကျော် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိ

 

D Day News

စက်တင်ဘာလ ၂၂

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူ ၁၅ ဦးသေ ဆုံးပြီး ၃၀ ကျော်အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၅ တပ်ရင်း – Aung San Force -ASF တပ်ဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၉ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်ခန့်က ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၃၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများဖြစ်သော မုံရွာ ခရိုင် တပ်ရင်း (၅၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂၊ ၁၅ ၊ ၁၇ ) မှ ဦးဆောင်၍ ခရိုင်(ခရိုင်) ပကဖ ၊ မုံရွာခရိုင် တပ်ရင်း ၃၊ မုံရွာခရိုင်တပ်ရင်း ၂၄ တို့ ပူးပေါင်းကာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများအနေဖြင့် မြို့နယ်တွင်းရှိ တော်လှန်ရေးတပ်များ၊ မြို့နယ် ပအဖ၊ မြို့နယ် ပလဖ ၊ ခရိုင် ပကဖ များနှင့် ဟန်ချက်ညီစွာ လက်တွဲလျက် စည်းလုံးညီးညွတ်စွာဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်တိုက်ပွဲဝင် လျက်ရှိကြောင်း၊ ရှေ့ဆက်၍ လည်း စုဖွဲ့မှု ကောင်းမွန်စွာဖြင့် တပ်ရင်း (၇) ရင်းမှ ဦးဆောင်ကာ မြို့နယ် တွင်း စစ်ဆင်ရေးများအား ဦး ဆောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *