MNDAA News

0 0
Read Time:2 Minute, 48 Second

လားရှိုးမြို့ကို စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်နှင့် ၁၀ နာရီ ၁၇ မိနစ်တို့တွင် လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက်ရှိ အမှတ် ၃ အခြေခံ ပညာအထက်တန်းကျောင်း၏ မျက်နှာချင်းဆိုင် လူနေအိမ် တစ်လုံးပေါ်နှင့် အမှတ် ၁ ရပ်ကွက် ယခင်စည်ပင်သာယာဌာနရှေ့လမ်းမပေါ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး MNDAA ၏ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ နယ်မြေခံရဲဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများက ဒဏ်ရာလူ နာကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူမှာလည်း ဒဏ်ရာမပြင်း ထန်သဖြင့် ယနေ့တွင် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် လူနေအိမ် အဆောက်အအုံ ၂ ခု ၊ လမ်းနှင့်လမ်းဘေးရှိ စိမ်းလန်းစို ပြေ စိုက်ပျိုးဇုန်များ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် MNDAA လားရှိုးမြို့သိမ်းပြီး အေးချမ်း တည်ငြိမ်နေသည့်အချိန် ဗုံးကြဲမှု ၄ ကြိမ်မြောက်ဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုများသည် လားရှိုး မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက် များကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း MNDAA က ပြောဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်၊ လူ့အခွင့်အရေးတို့ကို လှစ်လျူရှုကာ ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးဖြင့် တုန့်ပြန်နေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန် လုပ်ဆောင်နေကြသူများအားလုံး၏ ကြိုးပမ်းမှုအားလုံးကို အလဟဿ ဖြစ်စေကြောင်း MNDAA က ဆက်လက်ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *