Magway News

0 0
Read Time:1 Minute, 42 Second

စလင်းမြို့နယ်တွင် စစ်တပ် စစ်သား၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၂

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးပြီး ပြန်ဆုတ် ပြေးသွားကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့က စလင်းမြို့ပေါ်မှ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်း အင်အား ၃၀ ခန့်သည့် ငလင်ပန်းကျေးရွာရှိ ပြည်သူများ၏ စားနပ်ရိက္ခာကို ခိုးဝှက်ရန် စစ်ကြောင်း ထိုးလာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေ ဆုံး ပြီး ၂ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“မနေ့က ဖြစ်တဲ့တိုက်ပွဲပါ။ တိုက်ပွဲဖြစ်ပြီးတော့ ချက်ချင်းပြန်ဆုတ်ပြေးသွားပါတယ်” ဟု မင်းဘူး ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *