KNU News

0 0
Read Time:1 Minute, 51 Second

တောအူး(တောင်ငူ)ခရိုင်အတွင်း၌ ကျေးရွာပေါင်း ၇၅ ရွာ ရေနစ်မြှုပ်ကာ လူ ၇ ဦးသေဆုံးပြီး စာသင်ကျောင်း တစ်ကျောင်း ပျက်စီး

 

D Day News

စက်တင်ဘာလ ၂၂

 

KNU ၊ တောအူး( တောင်ငူ)ခရိုင်အတွင်း၌ ကျေးရွာပေါင်း ၇၅ ရွာ ရေနစ်မြှုပ်ပြီး လူ ၇ ဦးသေ ဆုံးကာ စာသင် ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောအူးခရိုင် အတွင်း၌ ရေကြီးရေလျှံမှုဖြစ်ခဲ့ရာ ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ပြီး လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေသင့်လျက် ကျောင်း (၁) ကျောင်းပျက်စီး၍ လူ (၇) သေဆုံးခဲ့ကြောင်း သိရသည်။

 

ပြည်သူများ၏အသက်မွေးဝမ်းကျောင်းဖြစ်သောလယ်ယာစိုက်‌ပျိုးမှုများသည်လည်းရေကြီးမှုကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းတွင် ဧကပေါင်း ၂၀၃၇၂.၅၇ ဧက ပျက်စီးဆုံးရှုံးသည်သာမက မွေးမြူရေး တွင် ကျွဲ ၊နွားများ အကောင်ရေ ၇၀ ကျော် အသေအပျောက်ရှိကြောင်း သိရသည်။

 

အလားတူ ကေအဲန်ယူ-ဇရပ်ကြီးတောင် ခြမ်း အုပ်စု၌လည်း လယ်ပျက်စီးမှု ၆၀၀၀ ဧက ရှိပြီး ကျွဲနွား အသေပျောက် ၇၀ ကျော်ရှိကြောင်း သိရသည်။

 

ယခု ၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုကြီးသည် (၅၈)နှစ် အတွင်းအကြီးမားဆုံးရေကြီးရေလျှံမှုဖြစ်ပြီး တောအူး ခရိုင်၌ လာမည့်နှစ်အတွင်း တောင်ပေါ်မြို့များအတွက် စားနပ်ရိက္ခာ ပြတ်လတ်သည့် အခြေအနေများ ဖြစ်‌ပေါ်လာနိုင်ကြောင်း KNU ဗဟိုက အသိပေးထုတ်ပြန်ထားသည်။

Photo -တောအူးခရိုင်အတွင်းရေကြီးရေလျှံနေမှုများ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *