International News

0 0
Read Time:2 Minute, 58 Second

နယူးယောက်မြို့၊ UN ရုံးချုပ်အနီးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိရေး ဆန္ဒထုတ်ဖော်

 

D Day News

စက်တင်ဘာလ ၂၂

 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် – UN အနီးတွင် မြန်မာနိုင်ငံဆိုင် ရာကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင်ဆက်လက်တည်ရှိရေး ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီး Dag Hammerskjold Plaza တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလ သမဂ္ဂတွင်ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2024 အဖြစ် Our Ambassador, Myanmar’s Voice ခေါင်းစဉ်ဖြင့် လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ပွဲ အခမ်းနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းနားတွင် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုး ဇော်ဦး တို့က အမှာစကားပြောကြားခဲ့ပြီး ပွဲကျင်းပရေး တာဝန်ရှိသူတို့က Global Action for Credential Campaign 2024 အကြောင်းရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော ပြည်နယ် အသီးသီး၊အဖွဲ့အစည်းအသီးသီးရှိကိုယ်စားလှယ်များက Campaign နှင့်ပတ်သက်သည့် သဘောထား ရပ်တည်ချက် တင်ပြဆွေးနွေးခြင်း တို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ကုလသမဂ္ဂတွင် မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင်၊ တရား ဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်း ကူညီ ပေးကြရန်ကိုလည်း၊ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် UN ရုံးချုပ်ရှေ့မှ နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်အနီးသို့ နယူးယောက်မြို့ လယ်ကို ဖြတ်သန်း၍ အမေရိကန်ပြည်ထောင်စု တဝှမ်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံမှ ကြွေး ကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြောင်း သိရသည်။

 

ယခုအခမ်းနားနှင့်ချီတက်ပွဲကို နယူးယောက်မြို့ရှိ NYCBC အဖွဲ့မှ ဦးဆောင်ကာ အမေရိကန်ပြည် ထောင်စု ပြည်နယ်အသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ ထောင်ချီတက်ရောက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *