International News

0 0
Read Time:4 Minute, 6 Second

တိုင်ဖွန်း ယာဂိကြောင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့နယ် ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့်ရေဘေးသင့်ခဲ့ဟု UN OCHA ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၂

 

တိုင်ဖွန်း ယာဂိကြောင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့နယ် ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်း ခြေ လူဦးရေ ၈၈၇,၀၀၀ ခန့်ရေဘေးသင့်ခဲ့ကြောင်း UN OCHA က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

 

လျှပ်တပြက် ရေကြီးပြီးနောက် ဆယ်ရက်အကြာတွင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့ဟု သတင်းရရှိထားကြောင်း၊ ယခုအချိန်ထိ သေဆုံးသူ ဦးရေ ၃၀၀ ကျော်ရှိပြီး၊ ထိခိုက်ဒဏ်ရာရဦးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

 

ထိခိုက်မှုအကြီးမားဆုံးနေရာများတွင် နေအိမ်များ၊ အိမ်သုံးပစ္စည်းများ၊ ရေအရင်းမြစ်များနှင့် လျှပ်စစ် ဓါတ် အားလိုင်းများ ပျက်စီးမှုများပြားပြီး လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေး ကွန်ယက်များ၊ ကျောင်းများ၊ ပြည်သူ့ ဝန်ဆောင်မှု အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများအပြင် ကောက်ပဲသီးနှံနှင့် လယ်မြေများလည်း ထိခိုက်မှုများပြားပြီး၊ အလုံးစုံပျက်စီးခြင်းများလည်း ရှိခဲ့ ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး စီမံကိန်း လိုအပ်ချက်၏၂ ၇ ရာခိုင်းနှုန်းမျှသာ ရန်ပုံငွေ ရရှိထားသည့် ရန်ပုံငွေ မလုံလောက်မှုရှိရာမှ OCHA နှင့်အတူလူသားချင်း စာနာမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူး (Humanitarian Coordinator a.i.) တို့သည် လက်ရှိဆောင် ရွက်နေသည့် ရေဘေးတုံ့ပြန်ရေး လုပ်ငန်းများကို လျင်မြန်စွာ တိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် ထပ်တိုးရန်ပုံငွေများရရှိရေးအတွက် အားစိုက် ကြိုးပမ်းလျက်ရှိကြောင်း UN OCHA က အသိပေး ထားသည်။

အရေးပေါ် ကယ်ဆယ်ရေး ယာယီ ညှိနှိုင်းရေးမှူး (Emergency Relief Coordinator a.i.) သည် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်နိုင်ရန်အတွက် အရေးပေါ်တုံ့ပြန်ရေး ဗဟို ရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ ၄ သန်း ခွဲဝေချထားပေးရန် ခွင့်ပြုပေးခဲ့သည်ဟု ဆို သည်။

 

ရေးဘေးသင့် မြို့နယ်များရှိရာ ရေဘေးဒဏ်ခံရသည့်ပြည်သူများကို အရေးပါသည့် အထောက်အပံ့ များ ပေးအပ်နိုင်ရေးအတွက် ကနဦး တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံ ဆေးဝါး၊ အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည်၊ အမိုးအကာနှင့် အရေးပေါ် ကြိုတင်ပြင်ဆင်ရေးအတွက် အသက်ကယ် ပစ္စည်းများ အရေးတကြီး လိုအပ်လျက်ရှိ ကြောင်း အသိပေးထားသည်။

 

ရေဘေးသင့် ဒေသများရှိ ရေဘေးဒဏ်ခံရသူများ၏ လိုအပ်ချက်များကို ထိရောက်စွာ တုံ့ပြန်ဆောင် ရွက်ပေးနိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများတွင် ရန်ပုံငွေနှင့် ရေဘေးသင့်ရာ ဒေသများသို့ အကန့်အသတ်မရှိဘဲ သွားလာခွင့်များ ရရှိရန် အရေးကြီးလိုအပ်လျက်ရှိကြောင်း UN OCHA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *