Yangon News

0 0
Read Time:2 Minute, 14 Second

တောင်ဒဂုံ ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု အုပ်ကြီး ကြည် ထွန်းနှင့် ရာမှူးဆွေမြင့်အောင်တို့ သေဆုံးဟု ချီတာစစ်ဆင်ရေးထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၁

 

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ရာ အုပ်ကြီး ကြည်ထွန်းနှင့်ရာမှူးဆွေမြင့်အောင်တို့သေဆုံးခဲ့ကြောင်း ချီတာစစ်ဆင်ရေး (Cheetah Operation) ကထုတ်ပြန်ထားသည်။

 

စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီကျော်အချိန်က ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အုပ်ချုပ် ရေးမှူး ကြည်ထွန်းနှင့် ရာမှူး ဆွေမြင့်အောင်တို့ သေဆုံးခဲ့ပြီး ရုံးအကူ မျိုးမြင့်ထွန်း (ခ) သားကြီး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချီတာစစ်ဆင်ရေး (Cheetah Operation) အဖြစ် Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ၀င်ရောက်စီးနင်းတိုက်ခိုက်ရခြင်းသည် အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့်အပေါင်းပါများသည်အကြမ်းဖက်စစ်တပ် အားကိုးဖြင့် ပြည်သူလူထုကို အဓမ္မ ဖိနှိပ် နှိပ်စက်နေခြင်းကြောင့် တိုက်ခိုက်ရ ခြင်းဖြစ်ပြီး ပြည်သူလူထုကို နှိပ်စက်နေသော စစ်ကောင်စီ၏ လက်ပါးစေ အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း ချီတာစစ်ဆင်ရေးက အသိပေးထားသည်။

Photo- တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တစ်ရုံး

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *