Tanintharyi News

0 0
Read Time:1 Minute, 54 Second

တနင်္သာရီမြို့နယ်၊ လသာရွာနှင့်နယ်ခြားရွာကြားတွင် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၂၁

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လသာရွာနှင့်နယ်ခြားရွာကြားတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ မြိတ်ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၈ ရက် ညနေ ၄ နာရီခန့်က တနင်္သာရီမြိုန့ယ်၊ လသာရွာနှင့် နယ်ခြားရွာကြားတွင် အင်အား ၅၀ ခန့်ဖြင့် စစ်ယာဉ်တန်းကို အသင့်စောင့်ကြိုပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများက ၄၀ မမဖြင့် ၄ ချက် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် စက်တင်ဘာလ ၁၇ ရက်နေ့က မြိတ်မြို့နယ်၊ တုံးဗျောကြီးစခန်း မှ ခြေလျင်ထွက်လာသည့် အင်းအား ၅၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး နယ်ခြားရွာဘက်မှ စက်တင်ဘာ လ ၁၈ ရက်နေ့ တွင် ကားဖြင့် ပြန်ဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည့်သူ့ကာကွယ်ရေး အဖွဲ့ နှင့် တနင်္သာရီ ရိုးမ ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *