Mon State News

0 0
Read Time:2 Minute, 12 Second

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နှင့်အင်္ဂဘိုကြား၌ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၁

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နှင့် အင်္ဂဘိုကြား၌ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု- KRF ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၃၈ မိနစ်အချိန်က စစ်တောင်းတံတားအသစ်ဘက်မှ မော်လ မြိုင်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကား ၇ စီးပါ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ မုပ္ပလင်နှင့် အင်္ဂဘိုကျေးရွာကြား လမ်းခုလတ်တနေရာ၌ RPG ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိ ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ခြေသလုံးတွင် ဗုံးသီး အစ လွင့်စင်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် သေမင်းတမာန် အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF မှ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက် ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *