Mon State News

0 0
Read Time:1 Minute, 37 Second

သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါရွာအနောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၁

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါရွာ အနောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီ ၂၄ မိနစ်မှ ၇ နာရီ ၃၅ မိနစ်အချိန်အထိ သံဖြူဇရပ် မြို့နယ်၊ ကလိန်ပဒေါ ရွာ အနောက်ဖက်တွင် နယ်မြေလှုပ်ရှားမှုပြုလုပ်နေသော အင်အား ၁၇၀ ပါ အ ကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေ ဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း နှင့် KNLA (Karen National Liberation Army) တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပြောက်ကျားနည်းဖြင့် ဆက်လက် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း အနီးသွား လာနေထိုင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် သတိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *