Magway News

0 0
Read Time:1 Minute, 43 Second

ဆိပ်ဖြူကပစ ၂၁ မှ ထွက်လာသော စစ်ကား ၇ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၂၁

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၇ စီးကို မိုင်းဆွဲ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၁၈ ရက်နေ့က ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁ မှ အိုးထိန်း -မင်းလျင် လမ်း အတိုင်း တညောင်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကား ၇ စီးပါ ယာဉ်တန်းကို ဒီဒုတ်ပင်ရွာ နှင့် သမန်းကျင်းရွာကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများက သေနတ်များ ပစ်ဖောက်နေသဖြင့် တာဝေးပစ် ရော့ကတ်ဖြင့် ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများအထိနာပြီး တ ညောင်ဘက်အထိ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိတော့ ပျက်စီးသွားသော ကားကို အခြားကားများ ဖြင့် ဆွဲယူကာ လာရာလမ်းအတိုင်း ပြန်ဆုတ်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း ၅ ၊ မင်းဘူးခရိုင်တပ်ရင်း ၁ ၊ စလင်းပကဖ နှင့် မကွေး ခရိုင် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *