Internationla News

0 0
Read Time:2 Minute, 7 Second

သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုပေးရေး UK ရောက်မြန်မာများ ဆန္ဒထုတ်ဖော်

 

D Day News

စက်တင်ဘာလ ၂၁

 

သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုပေးရေး UK ရောက်မြန်မာများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် လန်ဒန်မြို့ Parliament Square နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့ ၌ သံ ယူကေရောက် တိုင်းရင်းသားညီအကိုမောင်နှမ အင်အား ၄၀၀ ခန့်စုဝေးကာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပေးရေး တရားဝင်မှု အရေးတိုက်ပွဲ (Credential Campaign) တိုက်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

UN တွင် ပြည်သူ့အသံကို ကိုယ်စားပြုပေးနေသည့် သံအမတ်ကြီး ဦး ကျော်မိုးထွန်းကို မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး ၊ စစ်ကောင်စီကို အသိ အမှတ်မပြုရေး၊ စစ်ကောင်စီမှ အရပ်သားပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေမှုများကို ချက်ချင်းရပ်တန့်ပေးရေး အစရှိသည့် တောင်းဆိုချက်များကို တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံတွင် ကုလသမဂ္ဂအဖွဲ့ကြီး အနေဖြင့် ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြု ပြည်သူ့ကိုယ်စား လှယ်အဖြစ် ဆက်လက်လက်ခံအသိအမှတ်ပြုပေးရန် ကမ္ဘာတဝှမ်းနှင့်မြန်မာ ပြည်တွင်းက ပြည်သူ များက တရားဝင်မှု အရေးတိုက်ပွဲ (Credential Campaign)ကို တညီတညာတည်း တောင်းဆို လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *