Bago News

0 0
Read Time:3 Minute, 54 Second

မူး(မုန်း)မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာစုစုပေါင်း ၁၀၃ ရွာ ရေနစ်မြှုပ်ခဲ့ပြီး ကူညီကယ်ဆယ် ပေးနေသည့် အရပ်ဖက်ကယ်ဆယ်ရေးအဖွဲ့များ အား စစ်ကောင်စီတပ်က တားဆီးခြင်း၊ ပစ္စည်းများ သိမ်းယူခြင်း၊ ဖမ်းဆီးခြင်းများလုပ်ဆောင်

 

D Day News

စက်တင်ဘာလ ၂၁

 

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာစုစုပေါင်း ၁၀၃ ရွာ ရေနစ်မြှုပ်ခဲ့ပြီး ကူညီကယ်ဆယ် ပေးနေသည့် အရပ်ဖက်ကယ်ဆယ်ရေးအဖွဲ့များ အား စစ်ကောင်စီ တပ်က တားဆီးခြင်း၊ ပစ္စည်းများ သိမ်းယူခြင်း၊ ဖမ်းဆီးခြင်းများလုပ်ဆောင်လျက်ရှိကြောင်း (မုန်း) မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ယခုလက်ရှိအချိန်အထိ စစ်တောင်းမြစ် ရေကြီးရေလျှံ မှုကြောင့် မူး(မုန်း)မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာစုစုပေါင်း ၁၀၃ ရွာ၊ အိမ်ခြေစုစုပေါင်း ၁၄၂၆၁ လုံးနှင့် လူဦးရေစုစုပေါင်း ၄၈,၄၅၃ ဦးကို ကျေးရွာအရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရရှိနိုင်သည့် အရင်း အမြစ်များမှတစ်ဆင့် အစွမ်း ကုန်ကြိုးပမ်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရေကြီးမှုကြောင့် ဘေးဒုက္ခပေါင်းစုံနှင့် ကြုံတွေ့လျက်ရှိနေသော ပြည်သူများဆီသို့ လာရောက် အကူ အညီ ပေးသော လူမှု ပရဟိတ အဖွဲ့အစည်းများအား အကြမ်းဖက်စစ်ကောင်စီတပ်သားများက တား ဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများသိမ်းယူခြင်း၊ လက်နက်ကြီး ဖြင့် လိုက်လံပစ်ခတ်ခြင်း စသော အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိပြီး ထို့သို့ ကျူးလွန်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါ ကြောင်း မူး(မုန်း)မြို့နယ် ကရင်အရေးပေါ် ကူညီ ကယ်ဆယ် ရေးကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ဒေသခံပြည်သူလူထုများ အနေ ဖြင့် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ များစွာသော ကူညီထောက်ပံ့မှုများကို အရေးတကြီးလိုအပ်နေ သည့် အချိန်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာ လူမှုအကျိုးပြုအဖွဲ့အစည်းများအနေဖြင့် အကူ အညီများ ကူညီ ပံ့ပိုးပေးကြရန် မူး(မုန်း)မြို့နယ် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကတောင်း ဆိုထားသည်။

 

မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီသည် အာဏာရှင်စနစ်ကို ကျင့်သုံး သော မည်သည့်အဖွဲ့အစည်းကိုမဆို လက်ခံမည်မဟုတ်ဘဲ ပြည်သူနှင့်အတူယှဉ်တွဲ၍ အမှန် တရား ဘက်၌သာ အစဉ်အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီသည် ဒေသအတွင်းရှိ ပြည်သူလူထု များ၏ လူမှုဘဝလုံခြုံမှုကို တတ်နိုင်သည့်ဘက်က အစွမ်းကုန် ကူညီဖြေရှင်းပေးနေသည့် အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အားလျော်စွာ ပြည်သူလူထုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးအား သိရှိမှတ်တမ်းတင်၍ လူ့အခွင့်အရေးအတွက် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများ သိရှိပါဝင်လာနိုင်စေရန် ပြည်သူနှင့်အတူ ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *