Weather News

0 0
Read Time:2 Minute, 57 Second

အပူပိုင်းမုန်တိုင်း Soulik သည် အားလျော့ပျက်ပြယ်သွားပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနိုင်

 

D Day News

စက်တင်ဘာလ ၂၀

 

အပူပိုင်းမုန်တိုင်း Soulik သည် အားလျော့ပျက်ပြယ်သွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း NUG အစိုးရက ထုတ်ပြန်သည်။

 

ယနေ့ စက်တင်ဘာလ ၂၀ ရက် ညနေ ၅ နာရီအချိန် နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်း ချက်များအရ ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်သို့ ဝင်ရောက်ခဲ့သည့် အပူပိုင်းမုန် တိုင်းငယ် Soulik သည် ကုန်းတွင်းပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ပျက်ပြယ်သွားပြီး ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ ကုန်းတွင်းပိုင်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် မုတ်သုန် လေဖိ အားနည်းမြှောင်တန်း အားကောင်းလာစေပြီး မြန်မာနိုင်ငံအတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း သိရသည်။

စက်တင်ဘာလ(၂၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ ပြည်နယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာ စိပ် စိပ်မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

 

စက်တင်ဘာလ (၂၂)ရက်နေ့တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာအနှံအပြားမိုးရွာသွန်းနိုင်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်းနှင့်တောင်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်း၊ မန္တ လေး တိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 

မုတ်သုန် လေဖိအားနည်းမြှောင်တန်း အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံနေရာဒေသ အတော် များများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် တောင်ကုန်း တောင်တန်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားနိုင်ပါသဖြင့် ဒေသနေပြည်သူများအနေဖြင့် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံနိုင်မှုအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန် NUG အစိုးရက အကြံပြု တိုက်တွန်း နှိုးဆော် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *