Tanintharyi News

0 0
Read Time:3 Minute, 32 Second

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် ၃ ရက် ဆက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၀

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ဘန်းလမွတ်ကျေးရွာ ကျောင်းကုန်း ပိုင်းနှင့် ညောင်ပင်ကုန်းကျေးရွာတို့ကို ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ၃ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ Zone Five တောဗုံးကြီး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

စက်တင်ဘာလ ၁၇ ရက် နံနက် ၇ နာရီခန့်က တနင်္သာရီမြို့မှ အင်အား ၈၀ ခန့်ဖြင့် ဘန်းလမွတ် ကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဘန်းလမွတ်ကျေးရွာကျောင်း ကုန်းပိုင်းအရောက် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချပြီး ရှေ့ထွက်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ကျောင်းကုန်းပိုင်းအနီးတဝိုက်တွင် စစ်သားအချို့ ချန် ထားခဲ့ပြီး ရှေ့ပွိုင့်စစ်သား ၂၀ ကျော်ခန့်က ၄၃၃ ဘုရားတောင်ဘက်သို့ ဆင်းလာခဲ့ကြောင်း သိရသည်။

ထိုသည့် ရှေ့ပွိုင့်ဆင်းလာသော အကြမ်းဖက်စစ်သား ၂၀ ကျော်ကို ဇုံ -၅ တောဗုံးကြီးအဖွဲ့ မြေပြင်ရဲ ဘော်များက နံနက် ၉ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ် ခန့်အကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများက ဘန်းလမွတ်ကျေးရွာနှင့် ရမ်းဖိုကျေးရွာကြားရှိ ညောင်ပင်ကုန်းကျေးရွာထဲမှ နေအိမ်များကို ရိုက်ချိုးဖွင့်ကာ ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၈ ရက် ညနေ ၄ နာရီအချိန်တွင် ညောင်ပင်ကုန်းကျေးရွာရှိ ပြည်သူ့နေအိမ်များ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကျဲပြီး လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သည့်အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီ တပ် သား များက ကြောက်လန့်ကာ တစ်ညလုံးနီးပါး သေနတ်ငယ်များဖြင့် အကြိမ်ကြိမ် ရမ်းသမ်း ပစ်ခတ် ခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း စစ်ခွေးများတပ်စွဲထားသောနေရာများ အတွင်းသို့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့က ဗုံးသီး ၄ လုံးဖြင့် ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့အကြိမ်ကြိမ်တိုက်ခိုက်ခံရမှုများကြောင့် စက်တင်ဘာလ ၁၉ ရက် ည ၇ နာရီအချိန်တွင် အ ကြမ်း ဖက်စစ်သားများက လာရာလမ်းအတိုင်း တနင်္သာရီမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွား ကြောင်း၊ ယင်းတိုက်ပွဲ ၃ ရက်အတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *