Shan State News

0 0
Read Time:3 Minute, 49 Second

မိုင်းပြင်းမြို့နယ်ရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

 

D Day News

စက်တင်ဘာလ ၂၀

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပြင်းမြို့နယ်၊ ယင်းခမ်းကျေးရွာအုပ်စုအတွင်းရှိ RCSS တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သဖြင့် စစ်သား ၅ ဦးထက်မနည်း သေဆုံးမှုရှိပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း RCSS/SSA ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီခန့်က မိုင်းပြင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များပူးပေါင်းအင်အား ၁၀၀ ကျော်ခန့်ဖြင့် ယင်းခမ်းကျေးရွာ အုပ်စု အတွင်းရှိ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းကို ထိုးစစ် ဆင်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်အကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်မှ စစ်သား ၅ ဦးထက်မနည်းသေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

“မနေ့က နေ့လည်ခင်းက စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ အင်အား ၁၀၀ ကျော်လောက်ရှိမယ်၊ ကျနော်တို့ရှိတဲ့တောင်ကုန်းဆီကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာ။ ၁ နာရီကျော်ကျော်ဝန်းကျင် လောက်ကြာတယ်၊ နောက်ပိုင်းပြန်ဆုတ်သွားတယ်၊ နယ်မြေရှင်းလင်းလိုက်တော့ လက်နက်အချို့ သိမ်းဆည်းရရှိခဲ့တယ်၊ စကစသေဆုံးမှုတော့ရှိတယ်၊ ကျနော်တို့တော့ အတိအကျ မသိဘူး။ လက် နက် သိမ်းဆည်းရရှိခဲ့တယ်ဆိုတော့ အနည်းဆုံးတော့ ဒဏ်ရာရတာလည်းရှိမယ်၊ သေဆုံးတာလည်း ရှိမယ်၊” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း RCSS/SSA တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ ယနေ့စက်တင်ဘာလ ၂၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး RCSS/SSA အနေဖြင့် စစ်အင်အားဖြည့်တင်းကာ တပ်လှန့်ထားကြောင်း သိရသည်။

 

“သူတို့တပ်နာမည်တော့ ကျနော်တို့ အတိအကျ မသိရသေးဘူး။ ဒီနေ့တော့ တိုက်ပွဲမဖြစ်ပေမယ့် ကျနော်တို့ဘက်ကတော့ အင်အားထပ်ဖြည့်ထားတယ်။ ဒီနေ့အခြေအနေ အသေးစိတ်တော့မသိရ သေးဘူး။ ဒါပေမယ့်စစ်ရေးတင်းမာမှုတော့ရှိတယ်။ ကျနော်တို့ဘက်က တပ်လှန့်ထားတာရှိတယ်၊ အဲဒီ အရှေ့ဘက်ကမှာ ကျနော်တို့အနေနဲ့ ပြောက်ကျားစစ်နဲ့ပဲဆိုတော့ စခန်းအကြီးကြီးတွေ မဆောက်ထားဘူး၊ ရွှေ့လျားပြောက်ကျားစစ်နဲ့ပဲ ခုခံစစ်လုပ်နေတယ်။” ဟု RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောဆိုသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ကော်မတီ (NSPNC) က 7 EAO Alliance အဖွဲ့ဝင်များကို နေပြည်တော်၌ ဖိတ် ခေါ် တွေ့ဆုံခဲ့ရာ ကျန်အဖွဲ့ဝင် (၆) ဖွဲ့ တက်ရောက်ခဲ့သော်လည်း 7 EAO Alliance အဖွဲ့ခေါင်း ဆောင်တာဝန်ယူထားသည့် RCSS က တက်ရောက်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

Photo – RCSS တပ်ဖွဲ့က သိမ်းဆည်းရရှိသော စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ထံမှ လက် နက်များ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *