Sagaing News

0 0
Read Time:2 Minute, 37 Second

မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးမလမ်းပေါ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၂၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army -BHA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့နယ်၊ မုံရွာ -မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ နမခ တပ်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကား ၂ စီးနှင့် မြပုလဲဆီဆိုင်ဂိတ်မှ ထပ်တိုးလိုက်ပါလာသော အကြမ်းဖက်စစ်ကား တစ်စီး စုစု ပေါင်း စစ်ကား ၃ စီးကို မိုင်းဆွဲပြီး ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မိုင်းဆွဲတဲ့ ၂ စီးမှာက နောက်ခန်းထဲကနေလိုက်လာတာတော့ ၂၅ ယောက်လောက်တော့ပါတယ်။ ၃၃ က ဆင်းလာတဲ့ ရှေ့ဆုံးက တစ်စီးကတော့ မိုးကာအုပ်ခဲယမ်းတွေလို့ ယူဆရတယ်။ နောက်တစ် စီးက ဂျန်ပါကား။ အဲဒီကားပေါ်မှာတော့ လေးငါးဆယ်ယောက်လောက်ပဲပါမယ်၊ ၄၀ မမတွေရော ၊ ဂန်းငယ်တွေရော ပြန်ပစ်တာရှိတယ်။ လက်နက်ခဲယမ်းပေါနေရင် နေတိုင်းသွားတိုက်ချင်တာ။ ခဲယမ်းမရှိလို့ လွှတ်ပေးနေရတဲ့အချိန်တွေ များနေလို့ ထောက်ပို့ပေးကြပါအုံးလို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံပြောချင်ပါတယ်” ဟု Brave Heart Army -BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA အဖွဲ့သားများမှ ဦးဆောင်ပြီး MYAUNG REVOLUTION ARMY.MRA နှင့် CHINDWIN FIGHTER GROUP.CFG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

BRAVE HEART ARMY-BHA တပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အချိန်နှင့် အမျှ တိုက်ခိုက်ချေမှုန်းလိုသော်လည်း လက်နက်ခဲယမ်းများလိုအပ်လျက်ရှိသဖြင့် မိဘပြည်သူများက တက်နိုင်သမျှ ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *