Sagaing News

0 0
Read Time:2 Minute, 12 Second

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကူယာဉ်တန်းနှင့် မိုင်းရှင်းစစ်သားများကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၀

 

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကူသွားသော အကြမ်းဖက်စစ်ယာဉ်တန်းနှင့် မိုင်းရှင်း စစ်သားများကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာ ကွယ်‌‌ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မုံရွာမှ ချောင်းဦးမြို့ဘက် သို့ စစ်ကူထွက်လာသော အကြမ်းဖက်စစ်ကားနှင့် မအူစစ်ဆေးရေးဂိတ်မှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးနေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများမှာ အော်ဟစ် နေပြီး စစ်ကူစစ်ကားမှာ မအူစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ခြင်းမရှိ တော့ပဲ ချောင်းဦးမြို့ထဲသို့ အ လျှင် အမြန်မောင်းနှင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊ Democratic Guerrilla Force (D.G.F) ၊ ဘာမထီပြောက်ကျားတပ်ဖွဲ့ နှင့် ယင်းမာပင်ခရိုင်တပ်ရင်း ၉ idols Colum တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *