Mon State News

0 0
Read Time:2 Minute, 24 Second

သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၂၀

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အချိန်အထိ သံဖြူဇရပ်မြို့ နယ် ၊ ကုန်းမြင့်သာယာ ရွာအနီး တွင် အင်အား ၁၆၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကို ထပ်မံ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၂ နာရီမှ ၂ နာရီခွဲအထိ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာ သွေးသောက်ဆိုင်းဘုတ် အနီး၌ ယင်းအကြမ်းဖက်စစ်တပ် တောင်ညိုစစ်ကြောင်းရဲဘော်များက ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို တောင်ညိုစစ်ကြောင်းနှင့် KNLA (Karen National Liberation Army) တပ်ရင်း ၂၇ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ရေးမြို့နယ်အတွင်း၌ သဘာဝဘးအန္တရာယ်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေသောကြောင့် မိဘ ပြည်သူများအနေဖြင့် အစစအရာရာဂရုစိုက်နေထိုင်ပေးကြပါ ရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *