မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ၄ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းမိ
D Day News
စက်တင်ဘာလ ၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ဝံပုလွေပြောက်ကျား တပ်ဖွဲ့ (မြိုင်) ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့က မြိုင်မြို့နယ်၊ စက်မှု (၂) မှ ထွက်လာသော အကြမ်းဖက် စစ်သား ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အကြမ်းဖက်စစ်သား ၄ ဦးကို MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၄ ခုတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုနှင့်ဖမ်းဆီးချိန်သည် တစ်မိနစ်အတွင်း အလျှင်အမြန်လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) ကအသိပေးထားသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ဖမ်းဆီးမှုကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်ခဲ့ကြောင်း သိရသည်။
D Day News