Human Right News

0 0
Read Time:3 Minute, 13 Second

မြန်မာနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ သံတမန်များအား လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောဆို

 

D Day News

စက်တင်ဘာလ ၂၀

 

မြန်မာနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ သံတမန်များအား လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ကုလသမဂ္ဂ အဆောက်အဦ၌ ကျင်းပပြုလုပ် သည့် သံတမန်ရေးရာ ရှင်းလင်းပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည် ထောင်စု ဝန်ကြီး၊ ဦးအောင်မျိုးမင်း တက်ရောက်ပြီး လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေ များနှင့် ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရသည့် ရေဘေးဆိုင်ရာ အခြေအနေများကို တက်ရောက်လာသော သံတမန်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရ သည်။

ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် ပူး ပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် တိုင်းရင်း သား အဖွဲ့အစည်းများနှင့် လက်တွဲပြီး ရေဘေးသင့်ပြည်သူများ အား ကူညီ ကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်စပ် ဖြတ်ကျော် အစီအစဥ်မှတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်စေလို သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

 

အတိတ်ကာလများတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်း စာနာမှု အကူအညီများကို အကြမ်းဖက်စစ်အုပ်စုက အမြတ်ထုတ်အလွဲသုံးစား ပြုလုပ်လေ့ ရှိသဖြင့် ၎င်းတို့ နှင့်ပူးပေါင်းဆောင်ရွက်မှုများကို ရှောင်ရှားရန် လိုအပ်ပါကြောင်းလည်း တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ထပ်လောင်း၍ ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာကို ထောက်ခံပြီး အဆိုပါ အစီရင်ခံစာတွင်အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ အတိုာင်း တာဝန်ယူမှု၊ တာဝန်ခံမှုများကို လုပ်ဆောင်သွားမည့် အကြောင်း ကတိ ပြု ပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားအား Luxembourg သံရုံးက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ သံတမန် များနှင့် ကုလသမဂ္ဂရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ အေဂျင်စီများမှ ပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြကာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မေးခွန်းများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *