Yangon News

0 0
Read Time:1 Minute, 54 Second

ရန်ကုန်မြို့မှော်ဘီလေတပ်စခန်းတိုက်ခိုက်ရန် ပြင်ဆင်စဉ် မြို့ပြပြောက်ကျား ရဲဘော် ၂ ဦးဖမ်းဆီးခံရ

 

D Day News

စက်တင်ဘာလ ၁၉

 

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်စခန်းဌာနချုပ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မြို့ပြ ပြောက်ကျား ရဲဘော် ၂ ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁၅ ရက်နေ့က Dark Shadow အဖွဲ၏ စစ်ဆင်ရေး အဖြစ် မိဘပြည်သူများ၏ နေ အိမ်များ နှင့် စစ်ဘေးရှောင်စခန်းများကို နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် အရိပ်တပ်သား ၂ ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံလိုက်ရသဖြင့် အရိပ်တပ်သားများအားလုံး စစ်ဆင်ရေးမှ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ယင်း စစ်ဆင်ရေးတွင် ပါဝင်သော အခြား အရိပ်တပ်သားများအားလုံးလုံခြုံဘေးကင်းစွာဖြင့် ရန် ကုန်မှ ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် စစ်ဆင်ရေးတွင် မပါဝင်သော အခြား အရိပ်တပ်သားများလည်း တာဝန်ကျရာနေရာများ တွင် ဆက်လက် တာဝန်ထမ်းဆောင်နေကြောင်း အသိပေးထားသည်။

 

ယခု စစ်ဆင်ရေး မအောင်မြင်ခဲ့သော်လည်း တော်လှန်ရေး ပြီးဆုံးသည်အထိ စစ်ကောင်စီကို ရရာ နေရာမှ အမြစ်ဖြတ်တော်လှန်သွားမည်ဟု မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များ အားလုံးကို ကတိသစ္စာပြုအပ်ပါကြောင်း Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *