Sagaing News

0 0
Read Time:4 Minute, 44 Second

ကန့်ဘလူမြို့နယ်၊ မလည်ရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အထိနာပြီး တနေ့တည်း ဂျက် ဖိုက်တာ ၆ စီးဖြင့် ၆ ခေါက်လာရောက်ပြီး ၁၁ ကြိမ် ပစ်ကူပေးတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၁၉

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီက အထိနာ၍ Jet Fighter ၆ စီးဖြင့် ၆ ခေါက်လာရောက်ကာ ၁၁ ကြိမ်ပစ်ခတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ် ရှားသူများအဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၈ ရက်နေ့က ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား၊ ပျူများမှာ သေနတ်မပစ်ရဲဘဲ ကြောက်လန့်တကြားထွက်ပြေးကြသဖြင့် အကြမ်းဖက်စစ် ကောင်စီ၏ တံတားဦးလေတပ်မှ တိုက်လေယာဉ်များတက်လာကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီ ၁၆ မိနစ်၊ ၁၁ နာရီ ၁၇ မိနစ်တို့တွင် တံတားဦးမှတက်လာ သည့် ဂျက်ဖိုက်လေယာဉ်ဖြင့် ၂ လုံးကြဲချကာ နံနက် ၁၁ နာရီ ၁၈ မိနစ်တွင် စက်လက်ဖြင့် လှည်ပတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ နောက် တံတားဦးမှ ဒုတိယအကြိမ်တက်လာသည့် Jet Fighter ဖြင့် မနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဗုံးသီး၂ လုံး၊ ၁၁နာရီ ၃၁ မိနစ်နှင့် ၃၅ မိနစ်တို့တွင် ဗုံးသီးတစ်လုံးစီ ကြဲချ ခဲ့ပြီး ၁၁ နာရီ ၃၆ မိနစ်တွင် စက်လက်ဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူပေးနေသော်လည်း မလည်ရွာတိုက်ပွဲမှာ ဆက် လက်ပြင်းထန်နေခဲ့ပြီး နေ့လယ် ၁ နာရီ ၂၄ မိနစ်တွင် တံတားဦးမှ တတိယအကြိမ်တက်လာသည့် Jet Fighter ဖြင့် တစ်ကြိမ် ဗုံးသီးချပြီး၊ စတုတ္ထအကြိမ် တံတားဦးမှ တက်လာသော Jet Fighterဖြင့် နေ့လယ် ၁ နာရီ ၃၇ မိနစ်တွင် ဗုံးသီး၂ လုံး၊ ၁ နာရီ ၃၈ မိနစ်နှင့် ၄၂ မိနစ်တို့တွင် ဗုံးသီးတစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေကြောင်းပစ်ကူထပ်မံပေးနေသော်လည်း တိုက်ပွဲမှာ ဆက်လက်ပြင်းထန်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်က Jet Fighter အပြင် Y12 ဗုံးကြဲ လေယာဥ်တစ်စီးပါ ဧရာဝတီမြစ်ကြောင်း တ လျှောက် လှည့်ပတ်ဝဲပျံကာ ကင်းစောင့်ကြည့်နေခဲ့ကြောင်း၊ လေကြောင်းပစ်ကူ ကင်းထောက် ပေးနေသည့် ကြားကပင် တော်လှန်ရေးအင်အားစု တပ်ရင်းတပ်ဖွဲ့များက မကြောက်မရွံ့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ ပဥ္စမအကြိမ်တက်လာ သည့် Jet Fighter တစ်စီးဖြင့် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

၎င်းနောက် ညနေ ၅ နာရီ ၅၂ မိနစ်တွင် တံတားဦးမှ ဆဌမအကြိမ်မြောက်တက်လာသည့် Jet Fighter လေယာဉ်သည် မြစ်ကြီးနားရွှေဘိုဗျူဟာလမ်းပိုင်းရှိ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ကန့်ဘ လူမြို့နယ် ရေကြည်ဦးရွာ ဘုန်းကြီးကျောင်းအား အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက် ပျက်ဆီး မှုအချို့ရှိခဲ့ကြောင်း သိရသည်။

 

မလည်ရွာ​တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် မလည်ရွာ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူပိုင်နေအိမ် အချို့ မီးလောင်ပျက်ဆီး ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြာင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် Jet Fighter ၆ စီး ဖြင့် (၆) ခေါက်၊  ဗုံးကြဲတိုက်ခိုက်မှု ၁၁ ကြိမ် စုစုပေါင်း ဗုံးသီး ၁၃ လုံး နှင့် စက်လက်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

မလည်ရွာတိုက်ပွဲသည် စက်တင်ဘာလ ၁၇ ရက်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဆက် လက် ဖြစ်ပွားနေသဖြင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကိုလည်း တော်လှန်ရေးအင်အားစုများက ခေတ္တခဏ ယာယီပိတ်ထားခဲ့ကြောင်း၊ အန္တရာယ်ကင်းစွာ သွားလာ၍ရသည့်ချိန်၌ ပြန်လည်ဖြတ် သန်းခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *