Sagaing News

0 0
Read Time:4 Minute, 56 Second

ခင်ဦးမြို့နယ် မဒေါင်းလှပျူစခန်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ ၃၁ ဦးသေဆုံး၊ လေကြောင်း ပစ်ကူ အများအပြားယူပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ပျူမိသားစုများ ခေါ်ပြီး စခန်းစွန့်ခွာထွက်ပြေး

 

D Day News

စက်တင်ဘာလ ၁၉

 

ခင်ဦးမြို့နယ် မဒေါင်းလှပျူစခန်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ ၃၁ ဦးသေဆုံး၊ လေကြောင်း ပစ်ကူ အများအပြားယူပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ပျူမိသားစုများ ခေါ်ပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရသည်။

 

ဩဂုတ်လ ၃၁ ရက်နေ့၌ ခင်ဦးမြို့နှင့် (၇) မိုင်ခန့်အကွာရှိ အိမ်ခြေ ၁၀၀ ကျော်ရှိသော မဒေါင်းလှပျူ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၃၁ ဦး သေဆုံး ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်တိုက်လေ ယာဉ် ၉ စီး၊ ထောက်ပို့လေယဥ်တစ်စီးတို့ဖြင့် စုစုပေါင်းအကြိမ်ရေ ၂၀ ထက်မနည်း ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း၊ ထို့ကြောင့်ညပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများ၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ် ပကဖများ ၊ အခြားခရိုင်နှင့်မြို့နယ်နီး စပ်ရာ မိတ်ဖက် ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေးရဲဘော် (၅) ဦး အသက်ပေးလှူကျဆုံးခဲ့ရကြောင်း သိရသည်။

 

ထို့သို့ အထိအခိုက်အသေဆုံးများသွားသဖြင့် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ မှ ဒရုန်းနှင့် ဒရုန်းတပ်ဖွဲ့များကို ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်သို့ MI 17 ထောက်ပို့ ရဟတ်ယာဉ်ဖြင့် ဩဂုတ်လ ၃၁ ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာလ ၁ ရက် နေ့တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှတဆင့် သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ ပျူ အဖွဲ့ များနှင့် ပူးပေါင်းကာ အင်အား ၁၇၀ ဝန်းကျင်ဖြင့် မဒေါင်းလှပျူစရွာကို စစ်ကူစစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခင်ဦးမြို့ နယ်၊ ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း ၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ ဆီပုတ္တရာ၊ မဒေါင်းကြီး စသည့် ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် စက်တင်ဘာလ ၁၀ ရက်နေ့တွင် မဒေါင်းကြီးကျေး ရွာနေ G-11 ကျောင်းသားတစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းက အကြမ်းဖက် စစ်တပ်ပိုင် ဇီးကုန်းသကြားစက်သို့ မဒေါင်းလှကျေးရွာမှ ကျန်ရစ်ခဲ့သောပျူများနှင့်မိသားစုဝင်များပါ တစ်ပါတည်းခေါ်ဆောင်ပြီး ထွက်ပြေးသွားသဖြင့် ၃ နှစ်ကျော်ကြာ တပ်စွဲထားသော မဒေါင်းလှပျူ စခန်း သည် နိဂုံးချုပ်သွားပြီဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် ပြည်သူ့ ကာကွယ်ရေးတပ်များ က ရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ပြည်သူများထံမှ မတရားခိုးယူထားသော နွားအုပ်၊ သိုးအုပ်များ အပါ အ ဝင် ပစ္စည်းတစ်ချို့ ပြန်လည်ထားရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းအား ရှင်းလင်းစဉ် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး မြေမြှုပ်မိုင်းထိ ဒဏ်ရာရရှိခဲ့ကြောင်း၊ ပျူရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများလည်း မိမိတို့ နေ ရပ်သို့ တဖြည်းဖြည်းပြန်လည် ‌ဝင်ရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။

 

ခင်ဦးမြို့နယ်အတွင်း သိမ်းပိုက်ရန် ကျန်ရှိနေသော အကြမ်းဖက်စစ်တပ်စခန်းနှင့် လက်အောက်ခံ ပျူ စခန်းများမှာ ပျဉ်ထောင်ရွာ၊ မကျီးတုံရွာ အပါအဝင် ခင်ဦးမြို့ မရဲစခန်း၊ ဆေးရုံ၊ မင်းသိုက်တိုက် စ သည့် နေရာများဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *