Mon State News

0 0
Read Time:2 Minute, 32 Second

သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာနှ့င့်ရဲတံခွန်ရွာကြားတွင် စစ်တပ်စစ်ကြောင်းကို ၄ ကြိမ်တိုက် ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၉

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာနှင့် ရဲတံခွန်ရွကြားတွင် အကြမ်းဖက်စစ် ကောင်စီ တပ် စစ် ကြောင်းကို ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာ ဘက်သို့ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တောင်ညိုစစ်ကြောင်းမှ ပထမအကြိမ်ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ညနေ ၃ နာရီ နှင့် ၄ နာရီကြား၌ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ညနေ ၄ နာရီခွဲခန့်တွင် ရဲတံခွန်ရွာနီးအရောက် တတိယအကြိမ် ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် နေ့လည်း ရဲတံခွန်ရွာအနီးအရောက် ထပ်မံတိုက်ခိုက်ခဲ့ ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

“သံဖြူဇရပ်မြို့ဘက်ကနေ တက်လာတာ၊ ဘယ်တပ်ကလည်းတော့ အတိအကျမသိရသေးဘူး။ အင် အားကတော့ ၁၈၀ ၊ ၂၀၀ ဝန်းကျင်လောက်ရှိမယ်၊ မနေ့ကလည်း ရဲတံခွန်ရွာမှာ ထပ်ပြီး တိုက်ပွဲ ဖြစ် ခဲ့သေးတယ်။ အထိအခိုက်တော့ မသိရသေးဘူး၊ လက်ရှိအဲဒီစခစစ်ကြောင်းက ရဲတံခွန်ရွာမှာပဲ ရှိ သေးတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများအတွင်း တောင်ညိုစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်သားထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိသူ ထပ်မံတိုးနိုင် ကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *