Magway News

0 0
Read Time:2 Minute, 58 Second

နတ်မောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ တစ်ဦး အပါအဝင် ၁၀ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၁၉

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက် ခဲ့ရာ စစ်အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း Aung San’s Land Natmauk အဖွဲ့ ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၆ ရက်နေ့တွင် နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိကျေးရွာများကို အင်အား ၁၈၀ ဝန်း ကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကံသာရွာ၌ တပ်ဆွဲ ထားပြီး ကျေးရွာအတွင်းရှိ ကြက်၊ ဝက်၊ ပဲ၊ နှမ်း၊ ဆန် နှင့် အဝတ်အထည်များကို ခိုးယူကာ ပြည်သူ များကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူစားသောက်ပြီး စစ်ကြောင်း ပြန်လည် ဆုတ်ခွာလာစဉ် Aung San’s Land အဖွဲ့က ၄၀ မမ ၊ လက်နှက်ငယ်များနှင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်ထိတွေ့ တိုက်ပွဲ ၃၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း စစ်အရာရှိ တစ်ဦး အပါအဝင် အကြမ်းဖက် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့တိုက်ပွဲအတွင်း ထမ်းစင်ဖြင့် သယ်လာသော အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦး အပါအဝင် တပ်သားအချို့ နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော စစ်သားအချို့ကိုလည်း တိုက်ပွဲ ဖြစ်ပွားရာနေရာ၌ ပစ်ခတ်သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့ကြောင်း သိရသည်။

 

“ကျန်တော်တို့ သိရတာတော့ အခြား တပ်သားအဆင့် ဒဏ်ရာရရှိသူတွေကိုလည်း စခတွေက တိုက် ပွဲဖြစ်ပွားရာနေရာပဲ ပစ်သတ်ပြီး မြုပ်နှံခဲ့တယ်လို့ သိရတယ်။ ကျန်တော်တို့ နယ်မြေရှင်းလင်းရေး မလုပ်ရသေးသည့်အတွက် အတိအကျမသိရသေးပါ။ လက်ရှိ အနေအထားအရ စခ အနည်းဆုံး ၁၀ ဦး သေဆုံးကြောင်းပဲ အတည်ပြုနိုင်ပါသေးတယ်။ မပေါက်ကွဲသေတဲ့ လက်ပစ်ဗုံးနဲ့ စစ်အသုံး အ ဆောင်အချိူ့တော့ သိမ်းဆည်းရရှိခဲ့ပါတယ်၊ ထိခိုက်ဒဏ်ရာရရှိတဲ့ တစ်ဦးလည်း နတ်မောက်ဆေး ရုံကနေ မကွေးဆေးရုံကို ပို့တဲ့အချိန် သွေးတယ်လို့ သတင်းရတယ်” ဟု Aung San’s Land Natmauk အဖွဲ့ တာဝန်ခံ ဘာမထီက ပြောကြားသည်။

 

Aung San’s Land Natmauk အဖွဲ့သည် NUG အစိုးရထံ လက်နက် တပ်ဆင် ပေးရန် တောင်းဆို ထားသော်လည်း ပေးဆောင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကူညီပံ့ပိုးမှုဖြင့်တိုက်ပွဲ ဖော်ဆောင်နေရခြင်းဖြစ်ပြီး လက်နက်ခဲယမ်း မလုံလောက်သည့် အခက်အခဲနှင့်ရင်ဆိုင် နေရ ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *