ဒိုက်ဦးအကျဉ်းထောင်တွင် ဆေးလိပ်ခွံတွေ့ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်း ထောင်ဝန်ထမ်းများက ရိုက်နှက်နှိပ်စက်
D Day News
စက်တင်ဘာလ ၁၉
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ဆေးလိပ်ခွံ(ပွတ်ချွန်း)တွေ့ရှိသည်ဟုဆိုကာ နိုင်ငံရေး အကျဉ်း သားတစ်ဦးကို အကျဉ်းထောင်ဝန်ထမ်းများက ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင် ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထား သည်။
ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်တွင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၃ နှစ် မတရားချခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ ပွတ်ချွန်း အခွံ(ဆေးလိပ် လိပ်ရာတွင် အသုံးပြုသည့် စက္ကူစာရွက်) တွေ့သည်ဟု စွပ်စွဲကာ ထောင်အာဏာပိုင်များက ခန္ဓာ ကိုယ်ကို ရိုက်နှက်ခြင်း၊ ဦးခေါင်းနှင့် မျက် နှာကို ဖိနပ်ဖြင့်တက်နင်းခြင်း စသည့် လူမဆန်သော နှိပ် စက် ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။
ထိုကဲ့သို့ ရိုက်နှက်နှိပ်စက်မှုကို ဒိုက်ဦးအကျဉ်းထောင်၊ အမှတ် (၅) အိပ်ဆောင်၏ အဆောင်မှုး ရဲထွဋ် ဝင်း နှင့် ဒုတပ်ကြပ် စောအောင်ကိုလေး ဆိုသူများဖြစ်ပြီး ရိုက်နှက်မှုကို အဆောင်မှူး ရဲထွဋ်ဝင်းမှ အဓိက ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား၏ ဦးခေါင်းနှင့် နောက်စေ့များကို စစ်ဖိနပ်ဖြင့် တက်နင်း ခြင်း၊ မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းများအပြင် ရိုက်နှက်မှုကို ပြင်းထန်စွာ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းများ၏ မတရားညှင်းပန်းနှိပ်စက်မှု ကြောင့် နိုင်ငံရေးအကျဉ်းသား၏ ကျောပြင်တွင် ပေါက်ပြဲ ပွန်းရှ ဒဏ်ရာများရရှိခဲ့ပြီး ယခုကဲ့သို့ ညှင်း ပန်းနှိပ်စက် ရိုက်နှက်မှုကျူးလွန်ခဲ့သူ အကျဉ်းဦးစီးဝန်ထမ်းများကို အကူးအပြောင်းကာလတွင် တရား မျှ တမှုရရှိရေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဖော်ဆောင်နိုင်ရေးအတွက်လည်း ဖြစ်စဉ် မှတ်တမ်းများနှင့်တကွ စနစ်တကျ သိမ်းဆည်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
D Day News