ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာတစ်ရွာလုံးရေနစ်မြှုပ်သွားပြီး အရေးပေါ် စားသောက်စရာများ လိုအပ်နေ
D Day News
စက်တင်ဘာလ ၁၉
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာတစ်ရွာလုံးရေနစ်မြုပ်သွားပြီး ကျေးရွာနေပြည်သူများ အရေးပေါ် စားသောက်စရာများ လိုအပ်နေကြောင်း ဒေသနေပြည်သူများထံက သိရသည်။
မုန်တိုင်းမိုးရွာပြီး စစ်တောင်းမြစ်ရေကြီးမှုကြောင့် ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက် ကမ်းရှိ အိမ်ခြေ ၁၅၀ ခန့်ရှိသော ခုံကြီးကျေးရွာတစ်ရွာလုံးရေနစ်မြှုပ်သွားပြီး နေအိမ်အောက်ထပ် များ နေထိုင်မရပဲ နေအိမ်အပေါ်ထပ်များတွင်သာ နေထိုင်ကြရကြောင်း ယခုအခါရေကျနေပြီဖြစ် သော်လည်း လုံးဝကျဆင်းခြင်းမျိုးမဟုတ်ပဲ တအိအိဖြင့်သာ ကျဆင်းနေသဖြင့် အရေးပေါ် သောက် သုံးရေသန့်နှင့် စားသောက်စရာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
“အဓိကတော့ စားစရာလိုနေတာ၊ ရေကလည်း လုံးဝလျော့သွားတာမဟုတ်သေးဘူး။ နှစ်ထပ်အိမ် တွေကတော့ အောက်ထပ်တွေအကုန်မြှုပ်တယ်၊ တထပ်အိမ်တွေကျတော့ နှစ်ထပ်အိမ်တွေပေါ်မှာ သွားပြီးပေါင်းနေကြရတာ၊ ချက်ပြုတ်စားသောက်ရတာကျတော့လည်း ထင်းတွေက ရေထဲပါသွား တော့ အဆင်မပြေကြဘူး။ လှေရှိတဲ့သူတွေကတော့ နည်းနည်းအဆင်ပြေသေးတယ်၊ လှေမရှိတဲ့သူ တွေက ဘယ်လိုမှအဆင်မပြေဘူး။ တခြားအနီးအနားရွာတွေကတော့ စက်လှေတွေ၊ဘာတွေလာနဲ့ လာပြီး ကူညီကယ်ဆယ်တာတွေရှိတယ်၊ ညီမတို့ရွာကျတော့ စက်လှေလာလို့မရဘူးလို့ပြောပြီး မလာကြဘူး။ အခုချိန်အထိ ဘယ်သူတစ်ဦးတစ်ယောက်မှမလာတာ။ ဘေးနားက ရွာချင်းနည်းနည်း နီးတဲ့ရွာမှာတော့လာတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး တစ်ရွာလုံးက အစ္စလာမ်ဘာသာကို ကိုးကွယ်သည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် အိမ် ၁၅ အိမ်ခန့်သာရှိ ကြောင်း သိရသည်။
D Day News