Ayeyarwaddy News

0 0
Read Time:4 Minute, 13 Second

ပုသိမ်မြို့ SB တပ်ဖွဲ့ရုံးတွင် သတင်းပေါက်ကြားမှုဖြင့် စစ်ဆေးခံနေရသည့် တပ်ကြပ်ကြီးမင်းမင်းက ဒုရဲမှူးကြီး နေအောင်လင်းပါ ရဲ ၃ ဦးကို ဓားဖြင့်ထိုးမှု ဒုရဲမှူးတစ်ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၁၉

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ SB တပ်ဖွဲ့ရုံးတွင် သတင်းပေါက်မှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် တပ် ကြပ်ကြီးမင်းမင်းက ဒုရဲမှူးကြီးနေအောင်လင်းပါ ရဲ ၃ ဦးကို ဓားဖြင့်ထိုးခဲ့ရာ ဒုရဲမှူး အောင်ကိုမင်း သေဆုံးပြီး ကျန် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုသိမ်အခြေစိုက်တော်လှန်ရေး သတင်းရင်းမြစ်နှင့် ရဲတပ်ဖွဲ့သတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ SB ရုံး၌ နေပြည်တော်မှ ဆင်းလာသော ဒုရဲမှူးကြီးနေအောင်လင်း၊ ဒုရဲမှူးဇော်မင်း၊ ဒုရဲမှူး အောင်ကို မင်းတို့ကို  ဖမ်းဆီးစစ်ဆေးခံနေရသည့် ပုသိမ်မြို့ SB တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးမင်းမင်းက ဓားဖြင့် လိုက်လံ ထိုးခဲ့ရာ ဒုရဲမှူးအောင်ကိုမင်းတွင် လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် သေဆုံးပြီး ဒုရဲမှူးကြီး‌ နေ အောင်လင်း၌ ဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့်လည်းကောင်း၊ ဒုရဲမှူးဇော်မင်းတွင် ဗိုက်ရှပ်ထိ ထိုးသွင်း ဒဏ် ရာ၊ ပေါင်ထိုးသွင်းဒဏ်ရာဖြင့်လည်းကောင်း ပုသိမ်ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း သိရသည်။

Photo – ရဲအရာရှိ ၃ ဦးကို ဓားဖြင့်ထိုးသည်ဟု ဆိုသော တပ်ကြပ်ကြီး မင်းမင်း

 

“ဓားနဲ့ထိုးတဲ့တပ်ကြပ်ကြီးမင်းမင်းက ကပနံပါတ်က ၁၇၀ တွေ၊ ပုသိမ်မှာကြပြီ၊ တောက်လျှောက် ပုသိမ်မှာနေတာ၊ ဆရာကြီးတွေ၊ ဘယ်လိုဖြစ်တာလဲမသိဘူး။ ဒုရဲမှူးအောင်ကိုမင်းတစ်ယောက်ပဲ သေတာ၊ လည်ပင်းထိုးမိသွားတာ၊ ဇော်မင်းက ဗိုက်ရှပ်ထိနဲ့ ပေါင်နဲ့ထိုးမိတာ၊ သူက သိပ်မကြီး။ ဒုရဲ မှူးကြီးနေအောင်လင်းကတော့ ဗိုက်ပွင့်သွားတာ၊ သူကလည်း ပြန်သက်သပြီလို့ သိရတယ်။” ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့ ဓားဖြင့်ထိုးသတ်သွားသည် တပ်ကြပ်ကြီးမင်းမင်းသည် ထွက်ပြေးသွားသော်လည်း ညနေပိုင်း တွင် ပြန်လည် ဖမ်းဆီးခံလိုက်ရကြောင်း၊ တိုက်ခိုက်ခံရမှုဖြစ်စဉ်အပါအဝင် သတင်းပေါက်ကြားမှု၊ ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီများ ခိုးသွင်းမှုတို့နှင့်ပတ်သက်၍ ထပ်မံစစ်ဆေးရန် ဒုရဲမှူးကြီး အောင်နေမျိုးကို ဆက်လက် တာဝန်ပေးထားကြောင်း သိရသည်။

 

“အခုဓားနဲ့ထိုးတဲ့ တပ်ကြပ်ကြီးမင်းမင်းက ပုသိမ်မှာ တာဝန်ကျနေတာ ၁၈ နှစ်လောက်ရှိပြီ။ သူက လောင်းကစား၊ မူးယစ်ဆေး၊ သစ်မှောင်ခို၊ ဆီမှောင်ခိုလုပ်ငန်းတွေဆီကနေ ငွေပြီး လုပ်စားနေတာ ကြာပြီ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေတော်တော်များများလည်း သူ့ ကြောင့်ဖမ်းဆီးခံရတာတွေရှိတယ်၊ မိသားစုဝင်တွေကိုလည်း ငွေညှစ်တာတွေရှိတယ်” ဟု ပုသိမ် အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

 

အဆိုပါ စုံခုံအဖွဲ့သည် ပုသိမ်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်သည့် စေ လွှတ်မည့်သတင်းနှင့် ရခိုင်ပြည်နယ်အတွင်းသို့ စက်သုံးဆီများခိုးသွင်းနေသည်ဟု အကြောင်းပြချက် များ ဖြင့် တပ်ကြပ်ကြီး မင်းမင်းနှင့် SB တပ်ဖွဲ့ဝင် တပ်ကြပ်ဇော်ကြီးကို ဖမ်းဆီးစစ်ဆေးရန် လာ ရောက်ခဲ့ခြင်းဖြစ်ပြီး တပ်ကြပ် ဇော်ကြီးမှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် တပ်ကြပ်ကြီးမင်းမင်း သာ ဖမ်းဆီးစစ်ဆေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *