Weather News

0 0
Read Time:3 Minute, 1 Second

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်းသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းဒေသများတွင် မိုးကြီးနိုင်

 

D Day News

စက်တင်ဘာလ ၁၈

 

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်းသည် စက်တင်ဘာလ ၂၀ ရက် နေ့အစောပိုင်း၌ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသများတွင် မိုးကြီးနိုင်ကြောင်း NUG အစိုးရ ထုတ်ပြန်ထားသည်။

 

ယနေ့ စက်တင်ဘာလ ၁၈ ရက် ညနေ ၅ နာရီအချိန် နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက် များအရ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် အနောက်နှင့် အနောက်တောင်ဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း သိရသည်။

အဆိုပါမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ စက်တင်ဘာလ (၁၉)ရက်နေ့အတွင်း အပူပိုင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင် မည်ဟု ခန့်မှန်းထားကြောင်း၊ စက်တင်ဘာလ (၁၉)ရက်နေ့ ညပိုင်း တွင် အပူပိုင်းမုန်တိုင်းငယ် အဖြစ်သို့ အားပြန်လျော့သွားကာ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့ လျားနိုင်ကြောင်း သိရသည်။

 

ထို့နောက် စက်တင် ဘာလ (၂၀) ရက်နေ့ အစောပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဆင့်ဖြင့် ဗီယက် နမ်နိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းဝင်ရောက်မည်ဖြစ်ပြီး အဆိုပါအပူပိုင်းမုန်တိုင်းများ၏သက်ရောက် မှုများကြောင့် လာမည့် စက်တင်ဘာလ (၂၀)ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင် ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက် ခတ်ခြင်း၊ မိုးကြိုး ပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင် ပိုင်း ဒေသများတွင် နေထိုင်ကြသည့် မိဘပြည်သူ များ အနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေ ထိုင်ကြပါရန်နှင့်  မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့ အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *