MNDAA News

0 0
Read Time:3 Minute, 21 Second

MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်း ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တ လေး နှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ဟု ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၁၈

 

MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်း ခြင်း၊စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ဟု ထုတ်ပြန်လိုက် သည်။

 

လက်တလောပိုင်းတွင် မသမာသူတစ်ချို့သည် လူမှုကွန်ရက်များမှတစ်ဆင့် စာရွက်စာတမ်းအတုများ ထုတ်ပြန်ခြင်း၊ MNDAA တပ်မတော် အား အမဲစက်တင်စေခြင်း၊ မိမိတို့ကိုစွပ်စွဲခြင်း၊ ဖြစ်ရပ်မှန်များကို ဖုံးကွယ်ခြင်းများကို တောက်လျှောက်ပြုလုပ်နေခြင်းကြောင့် အများပြည်သူများမှ မိမိတို့ MNDAA ၏ နိုင်ငံရေးရပ်တည်ချက်နှင့် သဘောထားများအပေါ်အမြင်လွဲမှားမှုများဖြစ်ပေါ်စေခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဤသို့အမြင်လွဲမှားမှုပိုမို ပြင်းထန်လာသည်ကိုဟန့်တားရန်၊ မလိုအပ်တဲ့အငြင်းအပွားများ မဖြစ်ပေါ် စေရန် တို့အတွက် MNDAA မှ နိုင်ငံတော်၏အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

MNDAA ၏ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်း လဲ မည်မဟုတ်ပေ။ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။

 

တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက် ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ကြောင်း၊ ထို့အတူ MNDAA အ နေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင် ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ သို့သော်လည်း မိမိ ကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

 

တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ချက်ချင်း အပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *