Karen State News

0 0
Read Time:1 Minute, 41 Second

မူတြော်ခရိုင်တွင် စက်တင်ဘာလဝက်အတွင်း တိုက်ပွဲ ၆ ၃ကြိမ်ဖြစ်ပြီး စစ်သား ၁၈ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၈

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိင်) အတွင်း၌ စက်တင်ဘာလဝက်အတွင်း တိုက်ပွဲ ပေါင်း ၆၃ ကြိမ် ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၈ ဦ သေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅) က ယနေ့ သတင်းထုတ်ပြန်သည်။

 

စက်တင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူး ပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၆၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA အမှတ်(၅) တပ်မဟာ စစ် သည် တော်များနှင့် မဟာမိတ်ပူးပေါင်းစစ်သည်တော်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း သိရသည်။

 

စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့၏ ရှေ့တန်း တပ် စခန်းများကို ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများ ဖြည့်တင်းခဲ့ကြောင်း သိရ သည်။

 

ထိုကဲ့သို့ လက်နက်ခဲယမ်းရိက္ခာများလာရောက်ပို့ဆောင်စဥ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး (၉၀) တိတိ ရမ်းသန်းပစ်ခတ်ခဲ့ရာ  ပြည်သူ တစ်ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်ဖွဲ့ဝင်များ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *