Yangon News

0 0
Read Time:2 Minute, 27 Second

မြောက်ဥက္ကလာပမြို့နယ်၊ ၂၂ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၁၇

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ၊ ရာအိမ်မှူး ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေ ပေါက်ကံမြို့သစ်၊ အမှတ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ၊ ရာအိမ်မှူး ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရုံးထဲအထိ လက်ပစ်ဗုံး ၂ လုံးစလုံးကျရောက်ပေါက်ကွဲခဲ့တာ။ စခလား၊ ရခ လား၊ ရာအိမ်မှူးလား၊ ၁၀ အိမ်မှူးလား မသိတဲ့သူတစ်ယောက် သေပြီးတော့ ၁ ဦးအပြင်းအထန်ဒဏ်ရာရတယ်။ ဗုံးကွဲပြီး တော့ မီးတွေအကုန်ဖြတ်ပစ်တယ်။ ဆေးရုံကားတွေနဲ့ ဝင်သယ်သွားတာ။ ပြီးတော့ ရွှေပေါက္ကံ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၁ ၊ ၂၂ ရပ်ကွက်တွေထဲက စခ၊ ရခ ပခ တွေလည်း ကား၊ ဆိုင်ကယ်တွေ နဲ့ကင်းပတ်တာလုပ်တယ်။ ရွှေပေါက္ကံရပ်ကွက်ထဲက ပျူတွေလည်း အင်အားအများအပြားနဲ့ ကင်းပတ် တယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေး(ပကဖ) မြောက်ဥက္ကလာပမြို့နယ် တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်မှန် သမျှကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ဥကလာပမြို့နယ် (ပ.က.ဖ) က အသိပေး ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *