Tanintharyi News

0 0
Read Time:3 Minute, 48 Second

မြိတ်ခရိုင်အတွင်း၌ စစ်တပ်စစ်ကြောင်းက ပြည်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်နေသဖြင့် စစ်ရေး၊ အုပ်ျချုပ်ရေးပစ်မှတ်များကို အရှိန်မြှင့် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်းများ ကြေညာ

 

D Day News

စက်တင်ဘာလ ၁၇

 

မြိတ်ခရိုင်အတွင်း၌ စစ်တပ်စစ်ကြောင်းက ပြည်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်နေသဖြင့် စစ်ရေး၊ အုပ်ချုပ်ရေးပစ်မှတ်များကိုအရှိန်မြှင့်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်းများက ကြေညာထားသည်။

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်တို့တွင် အ ကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ၎င်းတို့သွားလာရာ နေရာတိုင်းတွင် အ ရပ်သားပြည်သူများအား အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အရပ်သားပြည်သူများကို အကာ အ ကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်းများ ပြုမူဆောင်ရွက်နေပြီး ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်သည့် ကျေးရွာအုပ်ချုပ် ရေးမှူး များ၊ ရာအိမ်မှူးများသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်း လျက် ပြည်သူများအား အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ တိုင်းစစ်ဌာန(တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပူး ပေါင်းစစ်ကြောင်းများမှ အထက်ပါမြို့နယ်များအတွင်း စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

 

ထို့ကြောင့် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့်  ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်တွင် မြိတ် မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊  အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက် နှင့် တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ်၌ သွားလာရာတွင် နံနက် ၆ နာရီ မှ ည ၆ နာရီအတွင်းသာ သွားလာကြရန်၊ ခရီးသွားကားများအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်နှင့်ကုန် ကားများသည် အလုံပိတ်ဖုံးအုပ်ထားခြင်း (လုံးဝ) မပြုလုပ်ကြရန် အသိပေးမေတ္တာရပ်ခံထားသည်။

 

ထိုသို့ သတ်မှတ်ချက်ရခြင်းသည် အကြမ်းဖက်စစ်ကောင်စီမှ အသွင်ယူလုပ်ဆောင်မှုများရှိနေ၍ လေး နက်စွာ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိ၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင် သူများ၏ တာဝန်သာဖြစ်ပါကြောင်း အထူး အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *