Mandalay News

0 0
Read Time:3 Minute, 57 Second

တောင်သာမြို့နယ်၊ ခြုံကြီးရွာတွင်းသို့ PDF တပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် စစ်တပ်က ဝိုင်းဝန်း ဖမ်းဆီး ကာပစ်ခတ်သတ်ဖြတ်၊ ယင်းအကြမ်းဖက်စစ်တပ်နှင့် PDF တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပြီး စစ် တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါအဝင် ပြည်သူ ၂ ဦး ထိခိုက်သေဆုံး

 

D Day News

စက်တင်ဘာလ ၁၇

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာအတွင်းသို့ PDF တပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် စစ်တပ်က ဝိုင်းဝန်း ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ် ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၆ နာရီခန့်က တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ၌ မြင်းခြံ ခရိုက် ပကဖ အဖွဲ့ဝင် ကိုအီးတီနှင့် မြင်းခြံခရိုင်တပ်ရင်း ၃ မှ ကိုဖက်တီးတို့ရောက်ရှိနေစဉ် အကြမ်း ဖက် စစ်သား အင်အား ၈၀ ခန့်ဖြင့် အရပ်ဝတ်များဝတ်ဆင်ပြီးကျေးရွာအတွင်း ဝင်ရောက်လာကာ ဝိုင်းဝန်းစီးနင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် ပကဖက ကိုအီးတီနဲ့ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက အဲဒီရွာကိုရောက်နေတာ၊ အ ချို့ အဖွဲ့တွေဆိုရင် ကိုအီးတီရောက်တာ မသိလိုက်ဘူး။ မြင်းခြံခရိုင်တပ်ရင်း ၃ က ကိုဖက်တီးက တော့ အဲဒီညကမှ ခြုံကြီးမှာသွားအိပ်တာ၊ သတင်းပေါက်သွားလို့ဖြစ်တယ်၊ သူတို့သတင်းရလို့ အင် အား ၈၀ လောက်နဲ့ ဝင်လာပြီး တန်းဖမ်းတာ၊ ပတ်ဝန်းကျင်က သတင်းအတိအကျပေးသူရှိလို့ ဖမ်းခံ လိုက်ရတာလို့ ယူဆပါတယ်၊ အကုန်လုံးသတ်လိုက်ရတာက ကိုအီးတီပါ ၄ ယောက်ပဲ၊ ကျန်တဲ့ဟာ ကရွာသူ၊ ရွာသားတွေ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့ ဖမ်းဆီးစဉ် မြင်းခြံခရိုင်ပကဖမှ ကိုအီးတီနှင့် မြင်းခြံခရိုင်တပ်ရင်း ၃ မှ ကိုတီးတို့အပါအဝင် PDF ၄ ဦးနှင့် ရွာသား ၂ ဦးကိုပါ ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်ခတ်သတ်ဖြတ်လိုက် ကြောင်း သိရသည်။

 

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်ချေမှုန်းခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားများ အထိ နာခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လေကြောင်းပစ်ကူဖြင့် အဆ မတန်အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

“သူတို့နှစ်ယောက် အဖမ်းခံရတာသေချာပြီဆိုတော့ အဖွဲ့တွေစုပြီး ဝင်တိုက်ကြတာ။ စခတွေဘက်က သေဆုံးတာတွေများတော့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ အဆမတန်သုံးလို့ ရှောင် လိုက်ရတာ၊ အဖွဲ့တွေကတော့ ထိခိုက်မှုမရှိဘူး။ လေကြောင်းနဲ့လက်နက်ကြီးပစ်တာက ရွာထဲက ပြည်သူ အမျိုးသမီးတစ်ဦးသေတယ်လို့တော့ သိထားတယ်အိမ်တွေဘယ်လောက်ပျက်စီးလဲတော့ မသိရဘူး။ စစ်ကြောင်းကလည်း ဒီမနက်မှ မြင်းခြံကို ပြန်ဆုတ်သွားတာ” ဟု ဒေသသတင်းရင်းမြစ် က ရှင်းပြသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ခြုံကြီးကျေးရွာ နေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယနေ့ စက်တင်ဘာလ ၁၇ နေ့တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ မြင်းခြံမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *