Magway News

0 0
Read Time:3 Minute, 32 Second

ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာ ပျူစောထီးများနှင့် မြိုင်မြို့နယ်၊ သရက်ကန်ရွာပျူစောထီးများကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၇

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာမှ ပျူစောထီးများ ကင်းပတ်ထွက်လာစဉ် အသင့်စောင့် ဆိုင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

 

ယနေ့စတင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးခန့်သည် ကျေးရွာအရှေ့ဘက်သို့ ကင်းပတ်ထွက်လာခဲ့ရာ ကုန်းတလင်းကျေးရွာနှင့် ဇီးကုန်းကျေးရွာအရောက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကပဖ ရဲဘော်များက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆင်ချောင်းရွာအရှေ့ဘက်ကို ကင်းပတ်တဲ့သဘောထွက်လာတာ။ ကုန်းတလင်းနဲ့ ဇီးကုန်းကြားမှာ စောင့်တိုက်ခဲ့တာ။ ပျူလို့ယူရတဲ့တစ်ဦးကတော့ နေရာမှာတင်သေသွားတာ၊ နောက်ထပ် ၂ ဦး ၃ ဦးလောက်တော့ ဒဏ်ရာရတယ်၊ အဲဒီဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင်က ငလင်းတဲ့၊ စခနဲ့ ပျူနဲ့ပေါင်းပြီး ထွက်လာတာ။ များတာကတော့ ငလင်းပျူတွေများတာ၊ တိုက်ပွဲဖြစ်ပြီးတော့ ချက်ချင်း ပြန်ပြေးသွားတယ်၊ ကျနော်တို့ ရဲဘော်တွေအားလုံးကတော့ ဘေးကင်းပါတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး ၁ ဦးနေရာမှာပင်လဲကျသေဆုံး ကာ ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ရှေ့ဆက်လက်လာခြင်းမရှိ တော့ပဲ ဆင်ချောင်းပျူရွာအတွင်းသို့ ပြန်ပြေးဝင်သွားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် နယ်မြေရှင်းလင်းစဉ် ၎င်းတို့ အသုံးပြု သည့် ၆၀ မမ ဗုံးသီး ၁ လုံးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာပျူစောထီးများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း စင်္ကြာ – ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူစောထီးများသည် ထန်းတက်ရန်အတွက် ကျေးရွာအပြင်ဘက်သို့ ထွက်လာစဉ် ၄၀ မမ ၊ လက်နက်ငယ်များဖြင့် အနီး ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ပျူစောထီးများ ထိခိုက် သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စက်ြာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ပေါက် (ပ.လ.ဖ) ၊ အညာမြေတပ်ပေါင်းစု၊ နွေဦးညီ‌နောင်တပ်ဖွဲ့၊ မြိုင် ပ.က.ဖ တပ်ပေါင်းစု၊ တော်၀င်ပျောက်ကြားတပ်ဖွဲ့နှင့် ဝံပုလွေ ပျောက် ကြား တပ်ဖွဲ့တို့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *