Karenni News

0 0
Read Time:4 Minute, 25 Second

ကရင်နီပြည်ရှေ့တန်းတနေရာ၌ဖမ်းမိသူ ဗိုလ်ကြီးစိုးသူပါ စစ်သား ၅ ဦးကို KNDF ဒုစစ်ဦးစီးချုပ် မာဝီက အားပေးနှစ်သိမ့် (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၇

 

ကရင်နီပြည်နယ်၊ ရှေ့တန်းတနေရာ၌ ဖမ်းမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးစိုးသူပါ စစ်သား ၅ ဦးကို  အားပေးနှစ်သိမ့်စကားပြောကြားခဲ့သည့်ရုပ်သံဖိုင်ကို KNDF စစ်ဦးစီးချုပ်မာဝီက ၎င်း၏ လူမှုကွန်ယက်အကောင့်ကတဆင့် ဖြန်ဝေထား သည်။

 

အဆိုပါ ရုပ်သံVideo ဖိုင်နှင့်ပတ်သက်၍ မည်သည့်နေရာ၊ မည်သည့်အချိန်က ဖမ်းဆီးရရှိခဲ့သည်ကို ထုတ်ပြန်ပြောဆိုထားခြင်းမရှိပေ။

 

“အခုပြောနေတာ KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်တယ်။ ခင်များတို့နဲ့ ကျနော် မတိုက်ချင်ဘူး။ခင်များတို့ ဗိုလ် တွေလည်း ကျနော်တို့မိထားပြီ။ ကျနော်တို့က ခင်များတို့ကို မမုန်းဘူး။ ကျနော်တို့ မုန်းတာ မင်း အောင်လှိုင်ပဲ ဖြစ်တယ်။ ခင်များတို့လက်နက်ချပြီး ကျနော်တို့နဲ့ ပူးပေါင်းပါ၊ ခင်များတို့ လိုအပ် တဲ့ငွေ ကြေး ကျနော်တို့ ပံ့ပိုပေးမယ်။ ခင်များတို့ လွတ်ရာ ကျွတ်ရာသွားလို့ရတယ်။ ညှိချင်တယ်ဆိုရင် ကျ နော် တို့ကို ဆက်သွယ်ပေးပါ။ ဗိုလ်ကြီးစိုးသူကိုလည်း ငါတို့မိထားပြီ။ အဲဒီတော့ ခင်များတို့ ဗိုလ်ကြီး စိုးသူနဲ့ ပြောမယ်ဆိုရင် အခု ပြောလို့ရတယ်။” ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောဆိုသည်။

ထိုသို့ ဖမ်းမိထားသည့် စစ်သုံ့ပန်းဗိုလ်ကြီးစိုးသူက ၎င်း၏ အထက်အရာရှိ ဗိုလ်မှူး တင့်လင်းအောင် ထံသို့ ဆက်သွယ်ပြောဆိုသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသည့် လက်နက်ကြီးဖြင့် ၂ ချက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ဖမ်းမိသော စစ်သုံ့ပန်းများကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ရန် KNDF ဒုစစ်ဦးစီးချုပ်မာဝီက စီစဉ်ပေးလိုက်ကြောင်း တွေ့ရသည်။

 

“ ဘာမှမလုပ်ဘူးအေးဆေး၊ မကြောက်နဲ့ မကြောက်နဲ့၊ ခင်များတို့ခံပစ်တာနော်။ စိတ်လျော့ထား၊ ငါတို့ဘာမှမလုပ်ဘူး။ ငါတို့က လူ့ကျင့်ဝတ်နဲ့အညီပဲ၊ မင်းလဲစစ်သားပဲ၊ ငါလဲ စစ်သားပဲ၊ ဒါပေမယ့် ငါတို့က စည်းကမ်းလိုက်နာတယ်။ ကျနော့်ပါးစပ်ပေါ်မှာ ခင်များတို့ အသက်ရှိတယ်၊ ကျနော်သေလို့ ပြောရင်ခင်များတို့ ဒီမှာတင်သေပြီ၊ ခင်များတို့ ရှင်လို့ပြောပြီးပြီ။ အေးဆေးပဲနော်၊ ဘာမှမဖြစ်ဘူး နော်။စိတ်လျော့ထား၊ စိတ်လျော့ထား၊ တိုက်ပွဲပဲခင်များနိုင်ရင် ခင်များတို့နိုင်တာပေါ့၊ ငါတို့နိုင်ရင် တော့လည်းငါတို့နိုင်တာပေါ့၊ ဘာမှ မလုပ်နဲ့” စသည်ဖြင့် KNDF ဒုစစ်ဦးစီးချုပ်မာဝီက စစ်ကောင်စီ တပ်သားများကို နှစ်သိမ့်အားပေးစကားပြောကြားသည်။

 

ရုပ်သံဖိုင်နှင့်ပတ်သက်၍ “ကိုယ့်လမ်းပေါ်ကိုယ်လျောက်ဆဲပါ၊ စကားပုံလိုလို ရှေ့လူကြီးလိုလို နောက် လူကြီးလိုလို ပြောထားတယ်ဆို တဲ့ တစ်ခုရှိတယ်မလား (သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတာ လေ)၊ ကျနော်တို့တွေကတော့ သင်မ ကောင်းလည်း ကျွန်ုပ်မဆိုးပါဆိုတာမျိုးနဲ့ ဆက်လျောက်ကြရ ပါ မယ်၊ ရန်သူကို ထိပ်တိုက်ရင်မဆိုင်ရပဲ ရန်သူကိုမတိုက်ခိုက်ရပဲ အောင်နိုင်ခြင်း၊ အောင်နိုင်ခြင်း တွေမှာ စိတ်ပိုင်းကော ရုပ်ပိုင်းကော နှစ်ခုစ လုံး နိုင်မှ အောင်မြင်မှု့အစစ်ဆိုတာ ဆွန်ဇူးရဲ့အတွေး အခေါ်ပဲ လက်တွေ့လည်း အလုပ်ဖြစ်နေပါသေး တယ်။  ဒီလိုရန်သူကို အရှင်ဖမ်းရတာတွေဟာ ကြက်ကလေး ဝက်ကလေးဖမ်းတာလောက် မလွယ် ကူ ဘူးဆိုတာ လူတိုင်းသိမှာပါ။ ပေးဆပ်ရတာ တွေလည်းရှိတယ်။ ဒီဲကြိုးစားမှု့တွေမှာပါဝင်ကြတဲ့ ရဲ ဘော် ရဲဖက်များကို ဂုဏ်ပြုပါတယ်၊ လေးစား ပါ တယ်။ ရဲဘော်ရဲဖက်တို့ရဲ့ကြိုးစားမှု့တွေဟာ တစ်နေ့ ကမ္ဘာက အသိအမှတ်ပြုရမှာပါ။”ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောဆိုရှင်းပြထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *