TNLA News

0 0
Read Time:2 Minute, 24 Second

နောင်ချိုမြို့နယ်၊ အမတ ၃၅၄ ၊ ၉၀၂ တပ်စခန်းအပါအဝင် တိုက်ပွဲ ၄ နေရာဖြစ်ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၅၄ ၊ ၉၀၂ တပ်စခန်းအပါအဝင် တိုက်ပွဲ ၄ နေရာဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ စက်တင်ဘာလ ၁၆ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ၊ (၈၄) ရက်မြောက်နေ့တွင် တအာင်း ပြည်တပ်မဟာ (၂) နယ်မြေ ၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ (၃၅၄) တပ်စခန်း၊ တောင် ခမ်းရွာအနီးတ၀ိုက်၊ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနှင့် မကျီးရေရွာအနီးတ၀ိုက်တို့တွင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၂ နာရီ မိနစ် ၃၀ အချိန်တွင် စစ်ကောင်စီ အမြောက်တပ် (၃၅၄) တပ်စခန်း၌ လည်း ကောင်း၊ တောင်ခမ်းရွာအနီးတ၀ိုက်တွင် နေ့လည် ၁၁ နာရီအချိန်၌ လည်းကောင်း၊ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် မကျီးရေရွာ အနီးတ၀ိုက်၌ လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်း နေရာတွင် ညနေ ၃ နာရီ ၄၅ မိနစ် အချိန်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။

 

ယနေ့ သီပေါမြို့ စစ်ကောင်စီ ခလရ (၂၃)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၁၃) ကြိမ် ဗုံး အလုံး (၈၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ထောက်ပို့ယာဉ် Y-12 ဖြင့် (၁)ကြိမ် လက်နက် ခဲယမ်းများ လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန် လည်ဖြည့်တင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *