TNLA News

0 0
Read Time:2 Minute, 13 Second

နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်  ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံးထိခိုက်ပျက်စီး

 

D Day News

စက်တင်ဘာလ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ PSLF/TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထက် မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

စက်တင်ဘာလ ၁၄ ရက် ည ၁၂ နာရီအချိန်တွ်င နောက်ချိုမြို့ တောင်ရပ်ကွက်နှင့် ရွှေမုဠောဘုရား ဝန်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချ တိုက် ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီအချိန်မှ ၂ နာရီ မိနစ် ၃၀ အချိန်အထိ Jet fighter ဖြင့် ဖျက်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅၀၀ ဗုံး ၂ လုံး ​ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းဗုံး ၂ လုံး အနက် တစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ အလာတူ ရော့ကတ်ဒုံးဖြင့်လည်း ၈ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ် ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ  အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထား ဦးတည်ကာ နေ့စဥ်ဗုံးကြဲတိုက်ခိုက်၍ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *