Sagaing News

0 0
Read Time:1 Minute, 51 Second

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်အရာရှိအချို့အ ပါအဝင် အများအပြားသေဆုံး

 

D Day News

စက်တင်ဘာလ ၁၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ခမရ ၁၆ မှ အရာရှိ တချို့အပါအဝင် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Brothers အဖွဲ့ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၁ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေး တပ်ဖွဲ့များက 107 MM ရှော့တိုက်ဒုံး ၂ လုံးနှင့် လက်လုပ် ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခမရ ၁၆ မှ အရာရှိ စစ်သား တချို့ ထိခိုက်‌ သေဆုံးမှုများပြားပြီး ဒဏ်ရာ ရရှိသူ များလည်းရှိကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများကို ကုတင် ၃၀၀ တပ်မတော် ဆေးရုံကို ပို့ ဆောင် ထားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုခံရမှုနှင့် ပတ်သတ်၍ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်မှ အထူးအစည်းအဝေးခေါ်ယူကာ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှု၊ ထိခိုက် သေဆုံးမှု သတင်းများဖုံးကွယ်ထားကြရန် ထပ်ခါထပ်ခါမှာကြားခဲ့ပြီး သတင်းကို ဖုံးဖိထားခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Chindwin Rockets Brothers တပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁ ၊ Chindwin Brothers တပ်ဖွဲ့ ၊ ဇာမဏီ ချင်းတွင်းအဖွဲ့နှင့် မုံရွာမြို့နယ် တိုက်နယ် ၅ တို့က ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *