အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာစစ်ရာဇဝတ်မှုများတွင် Airbus ၏ မိတ်ဖက် တရုတ် ကုမ္ပဏီ AVIC ကြံရာပါ ပတ်သက်နေ
D Day News
စက်တင်ဘာလ ၁၆
အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာစစ်ရာဇဝတ်မှုများတွင် Airbus ၏ မိတ်ဖက် တရုတ် ကုမ္ပဏီ AVIC ကြံရာပါ ပတ်သက်နေကြောင်း Justie For Myanmar က ထုတ်ပြန်သည်။
Justice For Myanmar နှင့် Info Birmanie တို့၏ စုံစမ်းလေ့လာမှုတစ်ခုတွင် Aviation Industry Corporation of China’s (AVIC) က မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တောက် လျောက်ထောက်ပံ့နေသည့် အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာစစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇဝတ်မှုများကို အရေးယူခံရခြင်းလွတ်ကင်းစွာဖြင့် ကျူးလွန်ရာတွင် AVIC က ရောင်းချ ထောက်ပံ့ထားသည့် လေယာဉ်များကို အသုံးပြုလျက်ရှိကြောင်း သိရသည်။
“#AIRBUSTED – Airbus ၏ မိတ်ဖက်ကုမ္ပဏီ AVIC က မြန်မာစစ်အုပ်စုထံ စစ်လက်နက်များထောက် ပံ့နေမှုနှင့် Airbus လုပ်ဆောင်သင့်သည့်အရာများ” အစီရင်ခံစာတွင် အရပ်သား ပြည်သူများအပေါ် ရည်ရွယ် ချက်ရှိရှိ မဆင်မခြင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် မြန်မာစစ်အုပ်စု အသုံးပြုနေ သည့် ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များနှင့် စစ်သုံးသယ်ယူပို့ဆောင်ရေး လေ ယာဉ်များအား AVIC က ရောင်းချထောက်ပံ့ခဲ့သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထား ကြောင်း သိရသည်။
အစီရင်ခံစာတွင် လတ်တလောဝယ်ယူထားသည့် FTC 2000G အမျိုးအစား တိုက်ခိုက်ရေး လေယာဉ် နှင့် ဒုံးကျည်အမျိုးမျိုး၏ အသေးစိတ်အကြောင်း အချက်အလက်အသစ်များလည်း ပါဝင်ကြောင်း သိရသည်။
AVIC သည် စစ်အုပ်စုအသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် ပုံသေတောင်ပံ (fixed-wing) လေယာဉ် များအတွက် ထိန်းသိမ်းပြုပြင်မွမ်းမံရေး ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်ခြင်းဖြင့်လည်း မြန်မာ့ လေတပ်ကို ကူညီပံ့ပိုးနေကြောင်း သိရသည်။
ပြင်သစ်လေကြောင်း အာကာသကုမ္ပဏီကြီး Airbus သည် AVIC ၏ဟောင်ကောင်မှတ်ပုံတင် ကုမ္ပဏီ AviChina တွင် အဓိကရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံရှိ AVIC ၏ မဟာဗျူဟာ မိတ်ဖက်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ရောင်းချတပ်ဆင်ပေးသည့် AVIC ၏ အခန်းကဏ္ဍ မှာ ရှင်းလင်းနေသော်လည်း Airbus ကုမ္ပဏီသည် AVIC နှင့် မိတ်ဖက်ဆောင်ရွက်မှုကို ဆက်လက် ထားရှိရုံသာမက၊ AVIC ထိန်းချုပ်ထားသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ထားကြောင်း သိရသည်။
AviChina ၏ မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်နှင့် လက်နက်များ လွှဲပြောင်းပေးအပ် ဆက်နွှယ်မှု ကြောင့် အခြားရင်းနှီး မြှုပ်နှံသူများ နုတ်ထွက်ဆုတ်ခွါနေစဉ်တွင် ထိုသို့ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
“Airbus ကုမ္ပဏီက အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ AVIC တို့ရဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေကို မမြင်ချင်ယောင်ဆောင်နေခဲ့တာ ကြာပါပြီ။မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေကို ကုလ သမဂ္ဂက သေချာစောင့်ကြည့် မှတ်တမ်းတင် တာတွေ၊ အစီရင်ခံစာထုတ်ပြန်တာတွေ ရှိနေတာဖြစ်တဲ့ အတွက် Airbus အနေနဲ့ သူတို့ရဲ့အဓိက စီးပွားရေးမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို လေယာဉ် တွေ၊ စစ်လက်နက်တွေ၊ နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ ရောင်းပေးပြီး ထောက်ပံ့နေတယ်ဆိုတာ သိကိုသိရမှာ ဖြစ်ပါတယ်။ Airbus နဲ့ သူ့ရဲ့ ရှယ်ယာရှင်အစိုးရတွေအနေနဲ့ AVIC ကနေ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်စီးဆင်းနေတာ မ ဖြစ် မနေ ရပ်တန့်ရမှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင်တော့ Airbus ကို AVIC နဲ့ စီးပွားရေးအား ရပ်တန့် စေရမှာ ဖြစ်ပါတယ်။ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်က ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်အုပ်စုတည်မြဲအောင် လုပ်နေမှတော့ သူတို့က မြန်မာစစ်အုပ်စုကို အပြစ်တင်ရှုတ်ချတာတွေကို ဘယ်လိုလုပ် အတည်ယူ လို့ရမှာလဲ” ဟု Jusitce For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
ယခုစုံစမ်းလေ့လာမှုတွင် Airbus ၏ အဓိကရှယ်ယာရှင်များဖြစ်ကြသည့် စပိန်၊ ဂျာမဏီနှင့် ပြင်သစ် အစိုးရတို့၏ အများပြည်သူသို့ ထုတ်ပြန်ချက်များနှင့် လက်တွေ့ဆောင်ရွက်ချက်များကြား အထင်း သား ဝိရောဓိ ဖြစ်နေမှုကိုလည်း မီးမောင်းထိုးဖော်ပြထားသည်။
အဆိုပါအစိုးရများသည် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုများကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး၊ စစ်အုပ်စုထံ လက်နက်စီးဆင်းမှုကို ရပ်တန့်ရေးဆောင်ရွက်ရန် ကတိကဝတ်များပြုခဲ့ကြသော်လည်း လက်တွေ့ တွင် Airbus နှင့် AVIC တို့၏ ပိတ်ကားနောက်ကွယ်မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများကို မျက် နှာလွှဲနှုတ်ဆိတ်နေကြောင်း Justice For Myanmar နှင့် Info Birmanie တို့က ထောက်ပြထား သည်။
မြန်မာစစ်အုပ်စုနှင့် ပူပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်တန့်ရေးအတွက် AVIC အား ဖိအားပေးရန် အတွက် ၎င်း၏ ဩဇာလွှမ်မိုးနိုင်မှုကို ချက်ချင်းအသုံးပြုရန်နှင့် AVIC က လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက Airbus အနေဖြင့် AVIC ထိန်းချုပ်ထားသည့် ကုမ္ပဏီအားလုံးမှ ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူမှုရှိစွာဖြင့် ရုတ်သိမ်းရမည် ဖြစ်ကြောင်း Justice For Myanmar နှင့် Info Birmanie တို့က တောင်းဆိုလိုက်သည်။
စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရများအနေဖြင့် Airbus ကုမ္ပဏီအား မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများ တွင် ပတ်သက်ဆက်နွှယ်မှုများကို ဖြတ်တောက်ရေး ဆောင်ရွက်စေခြင်းဖြင့် မိမိတို့လုပ်ရပ်များ ကို အများပြည်သူသို့ ထုတ်ပြန်ထားသည့် ကတိကဝတ်များနှင့်အညီ ဖြစ်စေရမည်ဖြစ်ကြောင်း၊ မြန်မာ ပြည်သူများသည် လုပ်ရပ်မပါသော စကားလုံးများသက်သက်ထက် ပို၍ ထိုက်တန်ပါကြောင်း
Justice For Myanmar နှင့် Info Birmanie တို့က ပြောဆိုသည်။
ယခုအချိန်သည် တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်နှင့် အထောက်အပံ့များ စီးဆင်းမှုအား ရပ် တန့်ရေးအတွက် ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရမည့်အချိန် ဖြစ်ကြောင်း Justice For Myanmar နှင့် Info Birmanie တို့က ဆက်လက်ပြောကြားသည်။
“စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် ပြင်သစ်နိုင်ငံ၊ ဥရောပသမဂ္ဂနဲ့ နိုင် ငံတကာအဆင့်တွေမှာ နည်းလမ်းပေါင်းများစွာ ထားရှိကျင့်သုံးပြီး ဖြစ်ပါတယ်။ အခုစုံစမ်းလေ့လာ မှုက မြန်မာ့ပဋိပက္ခ အ ရေးမှာ Airbus က အဲဒီနည်းလမ်းတွေကို လိုက်နာနိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ် ဖွယ်သံသယတွေကို ဖြစ်စေခဲ့ပါတယ်။ Airbus ကုမ္ပဏီက ကာကွယ်ရေးကဏ္ဍမှာ လုပ်ကိုင်တဲ့ အတွက်ကြောင့်ရော၊ သူ့ရဲ့ အမြဲတမ်း ရှယ်ယာရှင်တွေက အစိုးရတွေဖြစ်တဲ့ အတွက်ကြောင့်ရော သာမန်ကုမ္ပဏီတစ်ခု မဟုတ် ဘူးလို့ ပြောရပါမယ်။ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေအနေနဲ့ Airbus ကုမ္ပဏီရဲ့ မိတ်ဖက်နဲ့ ရင်း နှီး မြှုပ်နှံထားတဲ့ကုမ္ပဏီတွေဟာ စစ်ရာဇဝတ်မှုတွေမှာ ပါဝင် ပတ်သက်နေတယ်ဆိုရင် အရေးယူ ဆောင်ရွက်ဖို့ တာဝန်နဲ့ ဝတ္တရားရှိနေပါတယ်။ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေဟာ ဥရောပသမဂ္ဂ နဲ့ အတူတူ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ် မှုကြီးတွေကို ပြစ်တင်ရှုတ်ချခဲ့ကြပါ တယ်။ ဒီနေ့အချိန်ခါမှာတော့ အဲဒီ့အစိုးရတွေ အနေနဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေ၊ တန်ဖိုးတွေနှင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေအတိုင်း အရေးယူဆောင်ရွက်နိုင်တဲ့ အရည် အချင်းရှိတယ်ဆိုတာကို ပြသဖို့ အခွင့်အရေး ရှိနေပါတယ်” ဟု Info Birmanie ၏ ညှိနှိုင်းရေးမှူး ဖြစ်သူ ဂျိုဟန်နာချာဒွန်နီးယက်က ပြောကြားသည်။
D Day News