Bago News

0 0
Read Time:2 Minute, 30 Second

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူး ခြေထောက်ဖြတ်လိုက်ရ အပါအဝင် ၈ ဦးဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၁၆

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူး ခြေ ထောက်ဖြတ်လိုက်ရ အပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသ ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၄ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာရှိ ကျောင်းကြီး ဘုန်း ကြီးကျောင်းတွင် အ‌ခြေချတပ်စွဲထားသော ခမရ ၃၅၀ တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သား များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာ ရီ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံးကာ ခမရ ၃၅၀တပ်ရင်းမှ ဒု – တပ် ရင်းမှူး ဖြိုးအာကာကျော် ‌အပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအနက် ဒုတပ်ရင်းမှူး ဖြိုးအာကာကျော်မှာ ဒူခေါင်း၌ ပြင်းထန် ဒဏ် ရာ ရရှိပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိနိုင်တော့သဖြင့် ခြေထောက်ဖြတ်တောက်လိုက်ရ ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက အတည်ပြုထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်‌ဒေသအမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၇၀၃ က တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုစွန်မြောင်းကျေးရွာတွင် အခြေချတပ်စွဲထားပြီး ကျေးရွာနေ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ခြင်း၊ အရပ်သားပြည်သူ နေအိမ်များမှ ပစ္စည်းများကို ခိုးယူ လုယက်ခြင်း၊ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *