NUG News

0 0
Read Time:4 Minute, 58 Second

လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် စုပေါင်းခေါင်းဆောင်မှုဖြင့် ပြည်ထောင်စုတည်ဆောက်ရမည်ဟု မန်းဝင်းခိုင်သန်းပြော(ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၅

 

မြန်မာနိုင်ငံ၏ လက်ရှိ လူနေမှုဘဝနှင့် နိုင်ငံရေးဖြစ်စဉ်သည် အရောင်အသွေးစုံလင် ကွဲပြား လျက်ရှိ ပြီး အင်အးစုများ စုပေါင်းထားမှသာ လက်တွေ့ကျကျ ပြည်ထောင်စုတစ်ခု တည်ထောင်၍ ရမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

 

ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြီးမှူးကျင်း ပသော “နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား” တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ လက်တွေ့လူနေမှုဘဝနိုင်ငံရေးဖြစ်စဉ်တို့ဟာဆိုရင်လည်း အရောင်အသွေးစုံလင်ကွဲ ပြားလှပါတယ်။ ဒီလိုကွဲပြားမှုတွေကို တစ်စုတစည်းတည်း စုစည်းပေါင်းစပ်နိုင်ဖို့ဆိုတာ မည်သည့်ပါ တီ၊ မည်သည့်အဖွဲ့အစည်းတစ်ခုရဲ့ စွမ်းဆောင်မှုဖြင့် မရနိုင်ပါဘူး။ အားလုံးပါဝင်နိုင်တဲ့ စုပေါင်းခေါင်း ဆောင်နိုင်တဲ့ အခင်းအကျင်း၊ အပြန်အလှန်လေးစားတဲ့ ယဉ်ကျေးမှု၊ မတူညီမှုများကို နားလည်ပေး နိုင်တဲ့ အင်အားစုများ စုပေါင်းထားမှသာ လက်တွေ့ကျကျပြည်ထောင်စုတစ်ခုကို တည်ထောင်လို့ရ မှာဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

မြန်မာပြည်သူလူထုအနေဖြင့် ဒီမိုကရေစီစနစ်ကို လိုလားသည်မှာ မည်သည့် မည်သည့်ပြင်ပနိုင်ငံ မည်သည့်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်မဟုတ်ပဲ နှစ်ပေါင်းများစွာ အာဏာရှင် စနစ် ၏ ဆိုးကျိုးမှန်သမျှကို ကိုယ်တိုင်ကိုယ်ကျခံစားခဲ့ရသည့် ပြည်သူကတောင့်တခြင်းကြောင့် ဖြစ်ပေါ် လာရခြင်းဖြစ်ကြောင်း၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်စနစ်ကို နှိမ်နင်းနိုင်မည့်၊ ယင်း စနစ် ဆိုးက လွတ်မြောက်နိုင်မည့် တစ်ခုတည်းသောစနစ်အဖြစ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို မျှော်လင့် လိုလားကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တိုင်းရင်းသားတော်လှန်ရေးအင်အားစုအသီသီးကလည်း တန်းတူညီမျှရေး အတွက် တိုက်ပွဲဝင်ရာမှာ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို နှစ်ပေါင်းများစွာခံခဲ့ရသူ တွေဖြစ်လို့ ဒီမိုကရေစီစနစ် အောက်မှာ တန်းတူရေးအာမခံချက်တွေ လက်တွေ့ကျကျရှာဖွေ နေကြခြင်းဖြစ်တယ်လို့ နားလည်ပါ တယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

ဒီမိုကရေစီစနစ်သည် မြန်မာ့မြေခံ ရေခံ အနေအထားအတွက် ကိုက်ညီသည့် စနစ်တစ်ခုဖြစ်ပြီး နွေဦး တော်လှန်ရေးကို ဦးဆောင်နေကြသောခေါင်းဆောင်များနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးကလည်း နာလည်းလက်ခံထားကြောင်း မြန်မာပြည်သူလူထုသည် ဒီမိုကရေစီစနစ်ကို ဘဝပေးအသိက လိုလား တောင့်တကြသူ‌များဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းစုံလင်ကွဲပြားမှုများကို အာမခံနိုင်သည့် စနစ်၊ ဒေသတွင်းတည်ငြိမ်လုံခြုံရေးနှင့်ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေး အတွက် ပြည်သူလူထုကို ကိုယ်စားပြုသည့် စနစ်တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြသည်။

 

“ဒါကြောင့်ကျနော်တို့နွေဦးတော်လှန်ရေးရည်မှန်းချက်က ဒီမိုကရေစီကို ဆိတ်သုန်းစေနိုင်တဲ့ စစ်အာ ဏာရှင်အပါအဝင် မည်သည့်အာဏာရှင်ကိုမျှလက်မခံပဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူ ထောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အ တွက် တိုက်ပွဲဝင်ပြည်သူများအားလုံး၊ တော်လှန်ရေးအင်အားစုများအားလုံး ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများအားလုံးနှင့်တကွ နိုင်ငံတကာအစိုးရများမှ အလေးအနက်ထား ဝိုင်းဝန်းဆောင်ရွက်ပေး ကြပါလို့ တိုက်တွန်းရင်းနိဂုံးချုပ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *