ရွှေကျင်မြို့နယ်၊ တုံတံတားကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပြီး မီးရှို့ဖျက်ဆီး၊ လက် နက်ကြီး ကျည်များ သိမ်းဆည်းရရှိ
D Day News
စက်တင်ဘာလ ၁၅
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း Spring Warriors Column နှင့် KNLA စစ်ရေး သတင်းရင်းမြစ်ထံမှ ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်း မိခဲ့ပြီး ယင်းအကြမ်းဖက်စစ်တပ်စခန်းကို မီးရှို့ဖျက်ဆီးနေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်မှလည်း တုံတံတားကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ ကြောင်း သိရသည်။
“တုံးတံတားစခန်းကို သိမ်းပိုက်လိုက်ပြီ။ စခန်းကို မီးရှို့ဖျက်ဆီးနေပြီ။ အသေးစိတ်ကတော့ ဖုန်းလိုင်း အခက်အခဲရယ်၊ အင်တာနက်အခက်အခဲရယ်ကြောင့် အသေးစိတ်တော့ မသိရသေးဘူး။ သတင်းအ ပြည့်စုံသိရဖို့ကတော့ နည်းနည်းခက်နေတယ်။ လက်ရှိရရှိထားတဲ့သတင်းအရတော့ ကျနော်တို့ရဲ တော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Spring Warriors Column မှ တာဝန်ရှိသူတစ်ဦး က ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး RPG-7 ကျည် အလုံး ၁၀၀ ၊ ၆၀ မမ ကျည် ၅၁ လုံး နှင့်အခြား လက်နက်ငယ်ကျည်များ လက်ပစ်ဗုံးများ၊ ဆွဲမိုင်းများ သိမ်း ဆည်းရရှိခဲ့ကြောင်းသိရပါသည်။
D Day News