TNLA News

0 0
Read Time:2 Minute, 39 Second

နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၂၀၆ ၊ ၉၀၂ တပ်စခန်းတို့တွင် ဆက်လက် တိုက်ပွဲ ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် အသည်း အသန်ခုခံနေ

 

D Day News

စက်တင်ဘာလ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီအမတ ၂၀၆ ၊ ၉၀၂ တပ်စခန်းတို့တွင် တိုက်ပွဲဆက်လက်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် အသည်းအသန်ခုခံကာကွယ်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

 

ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၁၄ မိနစ်မှစ၍ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ အမြောက်တပ် အမှတ် ၂၀၆ တပ်စခန်းကိုလည်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမြောက်တပ် ၉၀၂ တပ်စခန်းကို လည်းကောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် နောင်ချိုမြို့နယ် ၊ မကျီးရေရွာတွင် တအာင်းအမျိုး သား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ၊ တောင်ရွှေကျေးရွာနှင့် အကြမ်းဖက်စစ်ကောင်စီတပ် အမတ ၃၅၄ နေရာတို့တွင် Y12 လေယာဉ်ဖြင့် ၇ ကြိမ် ဗုံးသီး အလုံး ၆၀ နှင့် အေးရှား‌‌‌‌ဝေါနေရာတွင် Jet Fighter ဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲချခဲ့ ကြောင်း၊ အလားတူ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့်လည်း ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် သီပေါမြို့ စစ်ကောင်စီ ခမရ (၂၃) တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8 ဖြင့် (၁)ကြိမ် လက်နက်ခဲယမ်းများကြဲချခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေကာ ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *