Tanintharyi News

0 0
Read Time:2 Minute, 23 Second

တနင်္သာရီမြို့နယ်၊ ၆ မိုင်ရွာအနီး၌ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်သား အများ အပြားသေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံး၊ စစ်တပ်က ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၄

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးကာ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည် သူ ၄ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။

 

စက်တင်ဘာလ ၄ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာဘက်သို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ ရာ ယနေ့ အထိ တိုက်ပွဲဆက်လက်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့ကြောင်း၊ ထို့သို့ အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့သော်လည်း မဆုတ်ပဲ ရှေ့တိုးနေသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၁ ရက်နေ့က တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာ၌ တပ်ဖြန့်ထားကာ ၁၂၀ မမ လက်နက်ကြီး၊ ဒရုန်းဖြင့်တို့ ကျွဲထိန်းကုန်းကျေးရွာ အတွင်း ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျွဲထိန်းကုန်းရွားသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး မြိတ်ခရိုင် ပူးပေါင်းစစ် ကြောင်း ၁ မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ တိုက်ပွဲများမှာ ပြင်းထန်လာနိုင်ပြီး မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွာဖြင့် နေထိုင်ကြပါရန်နှင့် စစ်ဘေးလွတ်သည့်နေရာများကို ကြိုတင်ရှောင်ရှား ပြင်ဆင်ထားကြပါရန် မြိတ်ခရိုင် တပ်ရင်း ၂ က အနူးအညွတ်မေတ္တာရပ်ခံပန်ကြားထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *