NUG News

0 0
Read Time:5 Minute, 10 Second

NLD လက်ထက်က ကြိုတင်စီမံခဲ့သည့် သဘာဝဘေးအစီအမံများကို စစ်ကောင်စီက သဲထဲရေသွန် လုပ်ပစ်ဟု ဒေါက်တာဝင်းမြတ်အေးပြော (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၄

 

NLA အစိုးရလက်ထက်က ကြိုတင်စီမံခဲ့သည့် သဘာဝဘေးအစီအမံများကို စစ်ကောင်စီက သဲထဲ ရေသွန်လုပ်ပစ်လိုက်ကြောင်း NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

 

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာ စီမံခန့်ခွဲမှုအတွက် ရံပုံငွေ မြန်မာကျပ်ငွေ ဘီလီယံ ၂၀ ထားရှိကြောင်း၊ ထို့အပြင် နိုင်ငံတဝန်းဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိထိ ရောက် ရောက်ကူညီနိုင်ရန် သမ္မတအရေးပေါ် ရံပုံငွေ မြန်မာကျပ် ဘီလီယံ ၁၀၀ ထားရှိခဲ့ကြောင်း၊ ကိုဗစ် ၁၉ ဖြစ်ပွားပြီးနောက် သက်ရောက်မှုနှင့် နိုင်ငံ၏ စီးပွားရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် မဟာဗျူဟာ တစ်ရပ်ချမှတ်ခဲ့ပြီး နိုင်ငံတော်၏ အရန် ရံပုံငွေထဲမှ ကျပ်ဘီလီယံ ၁၀၀၀ ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

“ဆိုလိုတာကတော့ သဘာဝဘေးနဲ့ပတ်သက်ရင် ကြိုတင်ပြီးတော့ စီမံထားတဲ့ရံပုံငွေတွေလည်း ရှိ တယ်ဆိုတာ ပြောချင်ပါတယ်။ ဒီရံပုံငွေတွေဟာ ပြည်သူ့ငွေတွေဖြစ်တယ်။ ဒါကြောင့်မလို့ ပြည်သူ တွေဒုက္ခရောက်တဲ့အချိန်မှာ ကူညီရမှာဖြစ်တယ်။ ကိုဗစ်ကာလမှာလည်း သုံးစွဲဖို့ ပြီးခဲ့အစိုးရက မတရားအာဏာမသိမ်းခင်က သတ်မှတ်ပေးခဲ့တဲ့ ရံပုံငွေတွေကို နောက်ပိုင်း ကိုဗစ်ကာလမှာ ထိထိ ရောက်ရောက် မသုံးကြဘူး။ မစီမံနိုင်ဘူး၊ ဒါကြောင့်မို့လို့ ကိုဗစ် ဒုတိယလှိုင်း၊ တတိယလှိုင်းမှာ ပြည်သူတွေဘယ်လောက်သေကြေခဲ့လဲ အထင်အရှားဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောဆိုသည်။

 

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက ထိထိရောက်ရောက်စီမံဆောင်ရွက်နိုင်ရန် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရဟတ်ယာဉ်တစ်စီးဝယ်ယူစီစဉ်ပေးခဲ့သော် လည်းယခုအချိန်တွင်အသုံးပြုခြင်းမတွေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“ပြည်သူ့အသက်ကယ်ဖို့ ဝယ်ယူထားတဲ့ရဟတ်ယာဉ်ကို အခုလို အရေးပေါ်ကာလမှာ ပြည်သူအ တွက်အသုံးမပြုတဲ့အပြင် အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်မခွဲခြားပဲ လေကြောင်းကနေ ဗုံးကြဲ သတ်ဖြတ်နေတာတွေ့ရတဲ့အတွက်ကြောင့် ပြည်သူတွေအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်” ဟု NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

 

လက်ရှိရေဘေးအန္တရာယ်ကြုံတွေ့ရမှုသည် စစ်ကောင်စီထိန်းချုပ်နယ်မြေတွင် ဖြစ်ပေါ်လျက်ရှိပြီး မန္တလေးတိုင်းအတွင်း၌ လူသေဆုံးမှုအများဆုံးဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများပြားခြင်းထက် ဆည်ကျိုး ပေါက်ခြင်း၊ ရေမထိန်းသဖြင့် ရေပိုလွှဲမှ ရေဖောက်ထုတ်ခြင်းတို့ကြောင့် ရေကြီးရခြင်းဖြစ်ပြီး ပြည်သူ လူထုကို ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိပဲ သတင်းအမှောင်ချထားသဖြင့် ဆုံးရှုံးမှုများပြား ရခြင်းဖြစ်ကြောင်း သိရသည်။

 

“အခုရေဘေးဆိုရင်လည်း မိုးကြီးလို့ဖြစ်တာမဟုတ်ပဲနဲ့ ဆည်ကြိုးပေါက်တာတွေ၊ ရေမထိန်းနိုင်လို့ ရေပိုလွှဲတွေကို ဖောက်ထုတ်ပစ်ရတာတွေ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေဟာ အချိန်နှင့်အမျှ ဒီလိုသတင်းတွေကို သိရှိဖို့လိုပါတယ်။ လွတ်မြောက်ရာနေရာကိုလည်းကြိုတင်ပြီးတော့ ပြောင်းရွှေ့ဖို့ လိုပါတယ်။ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကလည်း ဒါတွေကို အတိအကျ ပြောင်းရွှေ့ပေးရမှာဖြစ် ပါတယ်။ အခုတော့ ပြည်သူတွေက ဒီအချက်အလက်တွေကို သေသေချာမရရှိထားတဲ့အတွက် ဒုက္ခ တွေ ကြားထဲမှာပိတ်မိနေပြီးတော့ အခက်အခဲတွေနဲ့အများကြီးကြုံတွေ့ကြရပါတယ်။ မသေဆုံး သင့် ပဲ သေဆုံးရတာတွေဖြစ်နေတယ်။ ကြိုတင်သတိပေးရမယ့်အပိုင်းတွေမှာရော၊ ထိထိရောက်ရောက် ပြောင်းရွှေ့ရမယ့်အပိုင်းတွေမှာရော အင်မတန်အားနည်းခဲ့တယ်။ ဒါ့ကြောင့် ပြည်သူတွေအခုလို ဒုက္ခ တွေကြုံကြရတယ်။” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *