AA News

0 0
Read Time:4 Minute, 49 Second

ရခိုင့်တပ်တော်အနေဖြင့် ၁၀ လအတွင်း မြို့ပေါင်း ၁၁ မြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသော မြို့များကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဟု AA ထုတ်ပြန်ပြောဆို

 

D Day News

စက်တင်ဘာလ ၁၄

 

ရခိုင့်တပ်တော် -AA အနေဖြင့် ၁၀ လတွင်း မြို့ပေါင်း ၁၁ မြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီး ရခိုင် ပြည်နယ်အတွင်းရှိ ကျန်ရှိနေသော မြို့များကိုလည်း ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်၍ ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင် ပြည်နယ်အတွင်းရှိမြို့များကို ရခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များဖြစ်သော ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့များကို အပြီး သတ် သိမ်းပိုက်ရရှိခဲ့ပြီး အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲကာလမှာလည်း ၁၀ လ တိတိပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တစ်ပြိုင်နက်တည်းတွင် အာရက္ခတပ်တော်အနေဖြင့် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော လက်ကျန် မြို့များထဲမှ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန် အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိကြောင်း အသိပေးထားသည်။

 

အာရက္ခဒေသတစ်ခုလုံး ဖက်ဆစ်စစ်ကောင်စီတပ်ကင်းစင်ရေးသည်အာရက္ခတပ်တော်၏ ပထမ ဆုံးသော စစ်ရေး ရည်မှန်းချက်ဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးမှ အဖိနှိပ်ခံပြည်သူလူထု တစ် ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်လည်းဖြစ်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်ပြောကြားသည်။

 

ယင်းမြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့စဉ် အာရက္ခဒေသနေ မိဘပြည်သူလူထုတို့၏ အခြေခံ တိုက်တာ အဆောက်အအုံ၊ လူနေအိမ်၊ အရပ်သားပြည်သူလူထုများကို အထိအခိုက်၊ အပျက်အစီး မရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် အလေးထား ဂရုပြုဆောင်ရွက်လေ့ရှိသော်လည်း ဖက်ဆစ်စစ် ကောင်စီသည် ပြည်သူလူထုများ၏ လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်၊ တန် ဆောင်း၊ သာသနိကအဆောက်အအုံများအပြင် ယခင်အစိုးရ အဆက်ဆက်လက်ထက် အသုံးပြုခဲ့ကြ သော ဌာနဆိုင်ရာ အသီးသီးတို့၏ အဆောက်အအုံများကို တိုက်ပွဲများအတွင်း၌သာမက တိုက်ပွဲဖြစ် ပွားခြင်းမရှိသော နေ့ရက်များ၌ပါ လက်နက်ကြီးများဖြင့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း များ မှ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခြင်း ယနေ့အထိ ယုတ်မာစွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ သိမ်းပိုက်ရရှိထားပြီးဖြစ်သော မြို့များတွင် အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲ အနည်းငယ်သာရှိခဲ့ကြောင်း၊ ထိုအထဲတွင် မြို့တွင်းတိုက်ပွဲ ပြင်းထန် ခဲ့သော ပေါက်တော၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့ (နခခ-၅ တစ်ခုတည်းသာကျန်) များ၌ တိုက်ပွဲကာလများ အတွင်း လူနေအဆောက်အအုံ ပျက်စီးမှု ပိုမိုများပြားခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီသည် အဆိုပါမြို့များမှ ဒေသခံမြို့သူမြို့သားများကို လူသားဒိုင်းကာများ အဖြစ်အသုံး ပြုကာ ခံစစ်များပြုလုပ်၍ ခုခံကာကွယ်ခဲ့ကြသည့်အပြင် လူနေအိမ်၊ တိုက်တာ အဆောက်အအုံ အများစုမှာလည်း ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ မှုများကြောင့် ပျက်စီးရသည်က ပိုများခဲ့ကြောင်း အာရက္ခတပ်တော် -AA က ပြောဆိုသည်။

 

မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိသောမြို့များမှာ တိုက်ပွဲမဖြစ်ခင်က တည်းက တိုက်ပွဲလွတ်ရာနယ်မြေများသို့ ပြည်သူလူထုများ ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် အသက်၊ အန္တရာယ်ဆုံးရှုးမှုများ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *